ဓာတ်ပုံ – Local

မြတ်နိုး၊ ဖေဖော်ဝါရီ ၈ ရက်၊ လိုင်ဇာ

KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဆော့လော်မြို့နယ် လန်ဆယ်၊ ကံပိုင်တည်၊ ဆဒုံးဘက်ကို မနေ့ ဖေဖော်ဝါရီ ၇ ရက်က စစ်ကောင်စီတပ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးဘက်လည်း ဖေဖော်ဝါရီ ၆ ရက် ညက အသေခံ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“နေ့လယ် ၁ နာရီခွဲဝန်းကျင်က ကျနော်တို့ ဆဒုံးဘက် လေယာဉ် ၂ စီး လာပြီးတော့ ၂ ခါ ကြဲသွားတယ်။ လာကြဲတဲ့နေရာ လူရှိမနေလို့ တော်သေးတယ်” လို့ ဆဒုံးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မနေ့ နေ့လယ် ၁ နာရီခွဲခန့်က ဆဒုံး ဘွမ်ဝါဝန်းကျင်ဘက် မြစ်ကြီးနား စစ်ကောင်စီ လေတပ်က တက်လာတဲ့ လေယာဉ်နဲ့ ဗုံး လာကြဲသွားခဲ့တယ်လို့ ဆိုပါတယ်။

“လူ သုံး လေးယောက်လောက်တော့ ဗုံးစ ထိမှန်ဒဏ်ရာ နည်းနည်းပါးပါး ရတယ်။ တခြား စိုးရိမ်ရတာတော့ မရှိဘူး။ နေအိမ် သုံးလေးအိမ်တော့ ကြေမွသွားတယ်” လို့ လန်ဆယ် ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

မနေ့ညနေ ၄ နာရီခန့်က မန္တလေး တံတားဦးလေတပ်ကနေ တက်လာတဲ့ ဗုံးကြဲ ဂျက်လေယာဉ်က ဆော့လော်မြို့နယ် လန်ဆယ်ရွာဘက် ဗုံး ၂ ခါ ကြဲချတိုက်ခိုက်ခဲ့ပြီး ပန်ဝါဘက်လည်း ဝဲသွားခဲ့သေးတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၆ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးဘက် စစ်တပ်က အသေခံ ဒရုန်းနဲ့ ဗုံး လာကြဲသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“အထိအခိုက်တော့ မရှိဘူး။ ရွာအပြင်ဘက် သွားကျတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗန်းမော်ဘက် အထိနာလာလို့ တိုက်ပွဲ မရှိတဲ့ နေရာတွေ ပတ်ရမ်း ဗုံးကြဲတာလို့ ယူဆရပြီး စစ်တပ်ဘက်ကတော့ ဆုံးရှုံးခဲ့တဲ့ နေရာတွေဘက် လေကြောင်းကနေအပြင် အသေခံ ဒရုန်းနဲ့ ဆက်ပြီး ဗုံးကြဲလာလိမ့်မယ်လို့ သူက ပြောပါတယ်။

KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ရှိ စစ်တပ် အရာရှိစစ်သည်အနေနဲ့ အမြန်ဆုံး အလံဖြူထောင်လက်နက်ချကြဖို့ နောက်ဆုံး သတိပေးထားပြီး စစ်ကောင်စီတပ်ဖွဲ့ အသေခံပေးနေရတာဟာ တိုင်းပြည်အတွက် မဟုတ်ဘဲ စစ်အာဏာရှင် စစ်ခေါင်းဆောင်မိသားစုအတွက်ဘဲ ဖြစ်တာကြောင့် စစ်မှန်ပြီး တရားမျှတတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ဖို့ KIA နဲ့ ပူးပေါင်းပါဝင်ကြပါလို့ နောက်ဆုံးအကြိမ် သတိပေး တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဗန်းမော်မြို့ထဲရှိ စစ်ကောင်စီရဲ့ လက်ကျန် တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းရံပိတ်ဆို့ထားတာဖြစ်ပြီး တိုက်ပွဲလည်း နေ့တိုင်း ပြင်းထန်နေကာ စစ်တပ်ဘက်ကတော့ တပ်စခန်း မကျရေး လေကြောင်း၊ ဒရုန်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေဆဲ ဖြစ်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။