ဓာတ်ပုံ – Local

အင်းငယ်၊ ဖေဖော်ဝါရီ ၇ ရက်၊ မိုးဗြဲ

ကရင်နီပြည်နဲ့ ရှမ်းတောင်၊ ရှမ်း-ကရင်နီအစပ်ဒေသမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း အရပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီ လူမှုအဖွဲ့အစည်းကွန်ယက်- KSCN က ထုတ်ပြန်ပါတယ်။

အဲဒီ သေဆုံးမှုတွေဟာ လွိုင်လင်လေး အခြေစိုက် ခမရ ၅၃၀၊ မိုးဗြဲအခြေစိုက် ခမရ ၄၂၂၊ ငွေတောင်အခြေစိုက် ခလရ ၁၀၂ တို့ရဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

KSCN ရဲ့ ရုံးတာဝန်ခံ ခူးကိုရယ်က “တိုက်ပွဲအတွင်း သေတာက တစ်ယောက်မှ မရှိဘူး။ သူတို့ တပ်ထဲကနေ အရပ်သား ရှိတဲ့နေရာကို လှမ်းပစ်တာပေါ့နော်။ ကျနော်တို့က မြေပြင်နဲ့ ချိတ်ဆက်ထားတဲ့အခါကျတော့ Confirm လုပ်လို့ရတဲ့ စာရင်းတွေ ပြုစုထားတာပေါ့။ ဒီနှစ်အစပိုင်းထဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်း ပစ်တာတွေ ပိုလုပ်လာတာပေါ့နော်” လို့ ပြောပါတယ်။

သေဆုံးသူတွေထဲ အသက် ၁၂ နှစ်အရွယ် ကလေး ၂ ဦးနဲ့ စစ်ဘေးရှောင် ၃ ဦး ပါဝင်ပြီး ကျန်တဲ့တစ်ဦးက အရပ်သား ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြင်းထန်ဒဏ်ရာရသူ ၁၆ ဦးအထိ ရှိပြီး အဲဒီထဲမှာ ၅ လသားအရွယ် ကလေး တစ်ဦးနဲ့ ၈ နှစ်အရွယ် ကလေး ၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံး ဒဏ်ရာရသူတွေဟာ ရှမ်းတောင် ဖယ်ခုံမြို့နယ်နဲ့ ကရင်နီပြည် ဘော်လခဲ၊ ဒီးမော့ဆို၊ လွိုင်ကော်ကဖြစ်ပြီး လက်လှမ်းမမီတဲ့ ဒေသတွေလည်း ရှိနိုင်တယ်လို့ ခူးကိုရယ်က ဆက်ပြောပြပါတယ်။

“အင်တာနက်၊ ဖုန်းလိုင်း မရတာတွေ ရှိနိုင်တယ်။ တချို့ ထိတွေ့မှုများတဲ့ နေရာတွေကျတော့ ထဲထဲဝင်ဝင် မှတ်တမ်း မယူနိုင်တာတွေ ရှိတယ်။ အဲဒါတွေကျတော့ ထပ်သိရရင် Record(မှတ်တမ်း) ထားပြီး နောက်လမှ Update (ထပ်ဖြည့်) ပြန်လုပ်တာပေါ့”

စစ်ကောင်စီက ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နယ်​မြေထိန်းချုပ်ဖို့ အားစိုက်လာတာနဲ့အမျှ အရပ်သားရှိတဲ့ နေရာတွေကို ထိုးစစ်ဆင် ပစ်ခတ်နေတယ်လို့ မြေပြင်စစ်ရေး အရင်းအမြစ်တွေက သုံးသပ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်အထိ ကရင်နီပြည်တွင်း စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေသူ ၃ သိန်းခန့်ရှိပြီး တခြား စစ်မဖြစ်တဲ့ ဒေသမှာလည်း တစ်သိန်းခန့် ခိုလှုံနေကြတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။