ဓာတ်ပုံ – ပန်လှိုင်ဆေးရုံ မန္တလေး

ပျားကြီး၊ ဖေဖော်ဝါရီ ၇ ရက်၊ မန္တလေး

မန္တလေးမြို့ပေါ်မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံ ၇ ခုကို စစ်ကောင်စီက အာဏာသုံးပြီး ပိတ်သိမ်းခိုင်းထားတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ဝန်ထမ်း ခန့်ထားမှုနဲ့ ဆေးကုသပေးမှုနဲ့ပတ်သက်ပြီး ကျေနပ်ဖွယ်အထောက်အထား တင်ပြနိုင်မှု မရှိတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးရုံတွေကို ပိတ်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

“CDM တွေနဲ့ပတ်သက်ပြီး သူတို့အခုချိန်ထိအခဲမကျေသေးဘူး။ နောက်ပြီး နယ်ဖက်တွေမှာ ပစ်ခံရလို့ ဒဏ်ရာရလာတဲ့ လူနာမျိုးတွေကို ကုသပေးတယ်ဆိုပြီး စွပ်စွဲတာပေါ့။ အဲ့ဒါကြောင့် ပိတ်ခိုင်းတာ” လို့ အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပန်းလှိုင်၊ လန်ဒန်၊ မြတ်ချယ်ရီ၊ မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက်၊ ဇီဝကနဲ့ ငြိမ်းချမ်းဆေးရုံတွေကို ပိတ်ဖို့ စစ်ကောင်စီ ညွှန်ကြားထားခဲ့တာဖြစ်ပြီး လတ်တလောမှာ ကုသပေးနေတဲ့လူနာ ရှိနေသေးတာကြောင့် ဆေးရုံအားလုံးဟာ ဖေဖော်ဝါရီ ၂၈ ရက်အထိ ဆက်လက် ဖွင့်လှစ်ထားမှာ ဖြစ်တယ်လို့ ပိတ်သိမ်းခံရတဲ့ ဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

အခုလို ဆေးရုံတွေ ပိတ်ပင်ဖို့ ညန်ကြားချက် မထုတ်ခင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး အဲဒီဆေးရုံတွေကို စစ်ကောင်စီက မကြာခဏ စီးနင်းဝင်ရောက်စစ်ဆေးမှုလည်း ပြုလုပ်လေ့ ရှိတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

အခုလို စစ်ကောင်စီရဲ့ ပုဂ္ဂလိကဆေးရုံတွေ အဓမ္မပိတ်သိမ်းခံရမှုဟာ ၂၀၂၃ ခုနှစ်ကလည်း မြို့တော်၊ ကန့်ကော်နဲ့ နန်းတော်ဆေးရုံကြီးအပါအဝင် ဆေးရုံပေါင်း ၅ ခုကို CDM ပြုလုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကူိ အလုပ်ခန့်အပ်မှုကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့ လုပ်ငန်းလိုင်စင်ပယ်ဖျက်မှု ပြုလုပ်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။