ဓာတ်ပုံ – Tai Freedom

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၇ ရက်

နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ- RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ထပ်ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် ရှမ်းအမျိုးသားနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်တွင်းစစ် နှစ်ပေါင်း ၇၇ နှစ်ကြာရှည်ရတာဟာ အချင်းချင်းကြား ရိုးသားမှု မရှိတာ၊ ပင်လုံ စာချုပ်အတိုင်း မဆောင်ရွက်နိုင်တာ၊ ယုံကြည်မှု မတည်ဆောက်နိုင်တာနဲ့ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ မဖြေရှင်းနိုင်တာတွေကြောင့် ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောပါတယ်။

အဖွဲ့အစည်းတိုင်းဟာ နိုင်ငံရေးဆွေးနွေးပွဲကို လွတ်လွတ်လပ်လပ် ကျင်းပနိုင်ရမှာဖြစ်ပြီး RCSS အနေနဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ ပေါ်လစီချမှတ်ထားတာကြောင့် အဖွဲ့အစည်းတိုင်းနဲ့ ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ ဆိုပါတယ်။

စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းရင် လူထုတွေ ဒုက္ခရောက်ကြရတယ်လို့ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

လာမယ့် အနာဂတ်မှာ ရှမ်းပြည်ဟာ ရှမ်းပြည်တိုင်းရင်းသားတွေ စုပေါင်းတည်ထောင်တဲ့ ပြည်ထောင်စုရှမ်းပြည် ဖြစ်ရမှာဖြစ်ပြီး မြန်မာနိုင်ငံကလည်း ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ကိုက်ညီတဲ့ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ရမယ်လို့ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ ရှမ်းအမျိုးသားနေ့မှာ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG လည်း သဝဏ်လွှာ ပေးပို့ထားတာ တွေ့ရပါတယ်။

RCSS ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်- NCA ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ကိုင်စွဲပြီး စစ်ကောင်စီနဲ့ မကြာခဏ တွေ့ဆုံတဲ့အဖွဲ့ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။