ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၆ ရက်၊ ရေး

မွန်ပြည်နယ် သံဖြူဇရပ်-ရေးလမ်းပိုင်းပေါ်က ကွမ်းဒူးနဲ့ နှင်းစုံရွာကြားတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားကို မွန်ပြည်သစ်ပါတီ- AD က စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။

မနေ့မနက် ၆ နာရီက စစ်တပ်ရဲ့ဂိတ်ကို စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ဖြစ်တဲ့ New Mon State Party- AD က အနီးကပ် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ NMSP-AD က မနေ့ ဖေဖော်ဝါရီ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲ ဖြစ်ပွားချိန်ဟာ ၁ နာရီ ကြာမြင့်ပြီး စစ်တပ်ဘက်မှ ဒဏ်ရာရသူ များကာ NMSP-AD ဘက်မှ ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်။

အထိနာသွားတဲ့ စစ်တပ်က အာရုတောင် အခြေစိုက် စစ်ကောင်စီ ခမရ ၃၄၃ နဲ့ ၅၈၇ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က စစ်တပ် ခြေကုပ် ယူထားတဲ့ ကျိုက်မရောမြို့နယ် ကဒါကျေးရွာ ရဲစခန်းနဲ့ တောင်ကလေးရွာ ရဲစခန်းကို မွန်ပြည်သစ်ပါတီ- AD ရဲ့ ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။