ဓာတ်ပုံ – Local

အိုက်ပွီး၊ ဖေဖော်ဝါရီ ၅ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့မှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၁၀ နာရီခွဲက ကလေးမြို့ တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံလမ်းခွဲက အမျိုးသမီးတစ်ဦးကို စစ်တပ်က အရပ်ဝတ်နဲ့ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“အမျိုးသမီးက ပဲမျိုးစုံ ရောင်းတဲ့သူပါ။ စစ်သားတွေက အရပ်ဝတ်နဲ့ အိမ်စီးကားအဖြူနဲ့ ရပ်ကွက်ထဲ လာဖမ်းခေါ်သွားတာပါ။ ဘာမှလည်းမပြောဘဲ ဒီအတိုင်း ဖမ်းသွားတယ်။ မနေ့ညနေအချိန်ထိတော့ အမျိုးသမီးကို ပြန်လွှတ်ပေးတာ မရှိသေးဘူး” လို့ ကလေးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် တောင်ဇလပ်ရပ်ကွက်က အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကိုလည်း အရက်ဆိုင်မှာ အရက် ထိုင်သောက်နေစဥ် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“ဦးလေးက သူငယ်ချင်းတွေနဲ့ အရက် ထိုင်သောက်နေတာ။ စစ်သားတွေက ဘာမှ မေးမြန်းစစ်ဆေးတာ မလုပ်ဘဲ ခေါ်သွားကြတယ်။ ဘာအတွက် ဖမ်းတာလဲဆိုတာ မသိဘူး။ အခုထိ ပြန်မလွှတ်သေးဘူး” လို့ ကလေးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကလေးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်ကနေ ဖေဖော်ဝါရီ ၃ ရက်အထိ အမျိုးသမီးအပါဝင် ၃၀ ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

“ကလေးမှာ အရင်ကလို မဟုတ်တော့ဘူး။ စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး အမျိုးသားတွေအပြင် အမျိုးသမီးတွေပါ ဖမ်းတယ်။ လမ်းကျိုလမ်းကြားအထိ လာဖမ်းတယ်။ တိုက်ပွဲတွေ မရှိတာ၊ ပစ်ခတ်တာမရှိတာကြောင့် စစ်သားတွေ ပေါ်ပေါ်ထင်ဖမ်းနေကြတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးအပတ်မှာဆို လူငယ်တွေအတော်အများ ဖမ်းဆီးခံရတယ်” လို့ ကလေးမြို့နယ် သပိတ်အဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းဆီးခဲ့တဲ့ လူငယ်တွေကို စစ်တပ်က ကလေးမြို့နယ် စခန်းကြီးရွာက အမှတ် ၁၀ တပ်မတော် တန်းမြင့်သင်တန်းကျောင်းသို့ ပို့ဆောင်နေတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။