ဓာတ်ပုံ – Local

မိုင်းရူပ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ KTV နဲ့ အနှိပ်ခန်းဆိုင် ပေါများလာပြီး အသက်မပြည့်သေးတဲ့ အမျိုးသမီးတွေကို အလုပ်ခန့်တာ ရှိနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

အရင်က ကွတ်ခိုင်မြို့မှာ KTV နဲ့ အနှိပ်ခန့်ဆိုင် ၅ ခုဝန်းကျင်သာရှိပြီး လက်ရှိမှာ KTV ဆိုင် ၁၀ ခုထက်မနည်း တိုးလာတယ်လို့ ကွတ်ခိုင်မြို့ရှိ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကွတ်ခိုင်မှာဆိုရင် KTV အနှိပ်ခန်းတွေ အရမ်းများလာတယ်။ အရင်တုန်းကဆိုရင် KTV တွေ အနှိပ်ခန်းတွေ ရှိပေမဲ့ အခုကျတော့ နေရာတိုင်းမှာ ရှိနေတယ်။ အဲမှာက ဆယ်ကျော်သက်တွေက များနေတယ်။ အရမ်းကြပ်တည်းတော့ အဲလိုနေရာတွေမှာ အလုပ် လုပ်လာတာ များတယ်”

ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူအနေနဲ့ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေကို KTV အနှိပ်ခန်းဆိုင်မှာ အလုပ်ခန့်တာ မရှိအောင် စီစစ်ဆောင်ရွက်ပေးဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။

လက်ရှိ ကွတ်ခိုင်မြို့ထဲ မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာ လျော့နည်းလာပေမဲ့ KTV တွေမှာတော့ မူးယစ်ဆေးဝါး ရနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြို့ထဲမှာတော့ မူးယစ်ဆေးဝါး သုံးစွဲသူတွေ မရှိသလောက် ဖြစ်သွားပြီ။ KTV တွေမှာတော့ K၊ ရွှေတို့တော့ နေရာတိုင်း ရနေတယ်။ တခြားမူးယစ်ဆေး ရမရတော့ ကျနော်တို့လည်း မသိဘူး” လို့ နောက်ထပ်ကွတ်ခိုင်ဒေသခံ လူငယ်တစ်ဦးက ပြောဆိုပါတယ်။

ကွတ်ခိုင်မြို့ရှိ KTV ဆိုင်နဲ့ အနှိပ်ခန်းမှာ အသက် ၁၅ နှစ်ကနေ ၁၇ နှစ်အရွယ် အမျိုးသမီး အများဆုံး တွေ့ရပြီး အများစုဟာ ကျေးလက်ဒေသကနေ လာရောက်လုပ်ကိုင်ကြသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကွတ်ခိုင်မြို့အနီးရှိ ကျေးရွာဒေသခံလည်း အလုပ်အကိုင် ရှားပါးလာတာကြောင့် KTV နဲ့ အနှိပ်ခန်းမှာ လာရောက်လုပ်ကိုင်နေတာလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ကွတ်ခိုင်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း တအာင်းတပ်မတော်- TNLA က တိုက်ခိုက်သိမ်းပိုက်ထားပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့မြို့လည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။