ဓာတ်ပုံ – အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့

အင်းငယ်၊ ဖေဖော်ဝါရီ ၅ ရက်၊ အင်းလေး

ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေပူဘုရားတောင်ကျေးရွာအုပ်စုကို ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ၁၅ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

ရေပူဘုရားတောင်ကျေးရွာအုပ်စု ဘုရားတောင်လွယ်နွဲ့ရွာကို မနက် ၇ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့ပြီး အသက် ၇၄ နှစ်အရွယ် ဦးပြားဆိုသူ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၎င်းရဲ့ သမီးဖြစ်တဲ့ အသက် ၃၀ ဝန်းကျင်နဲ့ ၅၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီး ၂ ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိထားပြီး ကုသမှု ခံယူနေရတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဖအေကတော့ ပွဲချင်းပြီးပဲ။ သမီးတွေလည်း စိုးရိမ်ရတယ်။ တိုက်ပွဲ မရှိပါဘူး။ အရပ်သားရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်တာပါ။ စစ်ရှောင်စခန်းမှာလည်း ထိထားတာတွေ ရှိသေးတယ်”

အလားတူ ဒီနေ့ ၈ နာရီခွဲခန့်ကလည်း ကျေးရွာအတွင်းရှိ စစ်ရှောင်စခန်းကုန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၄၄ နှစ်အရွယ် ဦးဖိုးဝဆိုသူ ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ဒဏ်ရာ ထပ်ရခဲ့တယ်လို့ ဆိုပါတယ်။

ဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “ဖိုးဝက လွိုင်ကော် မှုံပြာကနေ စစ်ရှောင်လာတာ။ ဒဏ်ရာရတာတွေက အမျိုးသမီးတစ်ယောက်ပဲ ပါတယ်။ အကုန်လုံး ၅၀၊ ၆၀ အသက်အရွယ်တွေပါပဲ။ နှလုံးရပ်ပြီး ပွဲချင်းပြီး မဖြစ်တာ တော်တော်ကံကောင်းတယ် ပြောရမယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက်ကလည်း ဘုရားတောင် ဘုန်းကြီးကျောင်းအနီးက စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ပါသေးတယ်။

အဲဒီ ပစ်ခတ်မှုမှာလည်း အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ နီးစပ်တဲ့ စစ်ရေး သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။