ဓာတ်ပုံ – TNLA

ယာရူစိင်း၊ ဖေဖော်ဝါရီ ၃ ရက်၊ မိုးကုတ်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ ဝါယာကြိုး ရှော့ဖြစ်ပြီး ဆိုင်ခန်းတစ်ခု မီးလောင်တာအပြင် ဒေသခံနှစ်ဦးလည်း ဒဏ်ရာ ရခဲ့ပါတယ်။

မိုးကုတ်မြို့ အောင်နန်းရပ်ကွက်က ရွှေစင်ဆိုင်မှာ မနေ့ ဖေဖော်ဝါရီ ၂ ရက် ညနေ ၅ နာရီဝန်းကျင်က မီးစက် နှိုးထားရာကနေ ဝါယာကြိုး ရှော့ဖြစ်ပြီး မီးကူးစက် လောင်ကျွမ်းခဲ့တာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တန်ဖိုးကြီး ပစ္စည်းတွေတော့ အများကြီး ပါသွားတယ်။ မီးကူးတဲ့အချိန်မှာ သူလည်း သတိမထားမိလို့ နေမှာပေါ့။ ကျနော် အဲနေရာရောက်တဲ့အချိန်မှာတောင် မီးက အတော်လေး ပြင်းနေပြီ”

မီးလောင်မှုမှာ ဒေသခံအမျိုးသား ၂ ဦးဖြစ်တဲ့ ကျော်မောင်ဦးနဲ့ ဦးဇော်မင်းထွန်းတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

မီးလောင်ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်ဖိုးဟာ သိန်း ၁၀၀ ကျော် ရှိတယ်လို့လည်း သိရပါတယ်။

မီးကိုတော့ PSLF/TNLA ရဲ့ မီးသတ်တပ်ဖွဲ့ရဲ့ မီးသတ်ကား ၂ စီးနဲ့အတူ ဒေသခံလူထုတွေက ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။