ဓာတ်ပုံ – သာယာဝတီခရိုင်တပ်ရင်း

ခိုင်လေး၊ ဖေဖော်ဝါရီ ၃ ရက်၊ မင်းလှ

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်သား ၃ ဦးထွက်ပြေးတာကို လိုက်ရှာချိန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နဲ့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က စမ်းဘုတ်အုပ်စု ကျွန်းကုန်းရွာ ချောင်းမကြီးတံတားအနီးမှာ အင်အား ၃၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“မနက်ပိုင်း ပြေးတာလို့ ပြောပါတယ်။ ဆိုင်းဘုတ်ဂိတ်က စစ်သား ၃ ကောင် ပျောက်သွားလို့ သူတို့ကလည်း လိုက်ရှာနေတာ။ တိုက်ပွဲက ၁၀ မိနစ်လောက် ကြာတယ်။ ကျနော်တို့ဘက်က ရဲဘော် ၂ ယောက် ဒဏ်ရာ ရတယ်။ တစ်ယောက်က ခေါင်း၊ တစ်ယောက်က ခြေထောက်ကိုကျည် ရှပ်မှန်သွားတယ်”

ထိတွေ့တိုက်ပွဲအတွင်း အပြန်အလှန် ပစ်ခတ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အထိနာတဲ့အတွက် ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ရဲဘော် ၂ ဦး မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ထိတွေ့တိုက်ပွဲ ဆက်လက် ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ အနီးအနားမှာ သွားလာနေထိုင်ခြင်း မပြုလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ထုတ်ပြန်ထားပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကလည်း မင်းလှမြို့နယ် ရိုးမပေါ်ကို စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်ကို ကျွန်းကုန်းရွာ ချောင်းမကြီးတံတားအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။