ဓာတ်ပုံ – KNDF

မိုင်းရူပ၊ ဖေဖော်ဝါရီ ၃ ရက်၊ ဖယ်ခုံ

စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲ ဖြစ်နေတဲ့ ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကရင်နီ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်တပ်က ပြန်ရဖို့ ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ မိုးဗြဲမြို့ကို ကရင်နီ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

“မိုးဗြဲမှာက တိုက်ပွဲကြီးကြီးမားမားတော့ မရှိပေမဲ့ စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ၊ လေယာဥ်နဲ့ ဗုံးကြဲတာတွေ ဒီရက်ပိုင်းမှာ လုပ်တာမျိုး ရှိပါတယ်”

မြေပြင်အခြေအနေ သိရှိသူတစ်ဦးကလည်း မိုးဗြဲမြို့မှာ ဒီရက်ပိုင်းအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

၎င်းက “မနေ့ နေ့လယ် ၃ နာရီဝန်းကျင်မှာ ၁ ခါ လာကြဲတယ်။ ဒီမနက်အစောပိုင်းလည်း ၁ ခါ လာကြဲတယ်။ လက်နက်ကြီးနဲ့လည်း ထုတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ လအတွင်း မိုးဗြဲမှာ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေး အင်အားစုတွေအကြား ၁ လကြာတဲ့အထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့ရဲ့ နေရာအများစုကို ကရင်နီတော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မိုးဗြဲမြို့အနီးမှာတော့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၄၂၂) ကျန်ရှိနေတာ ဖြစ်ပါတယ်။

စစ်တပ်ဘက်ကတော့ မိုးဗြဲ တိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။