ဓာတ်ပုံ – PLA

မိုင်းရူပ၊ ဖေဖော်ဝါရီ ၃ ရက်၊ သပိတ်ကျင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တအာင်းတပ်မတော်- TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ပြန်ဖြစ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂ ရက် ည ၆ နာရီ ၂၅ မိနစ်မှာ TNLA နဲ့ ပူးပေါင်းတပ် တည်ရှိရာကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် ၁ နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“၁၃ တပ်အနီးမှာ TNLA က ထိုင်ထားတယ်။ တွင်းငယ်ရွာအနီးအထိ ကျနော်တို့အဖွဲ့တွေ ရှိတယ်။ စစ်ကောင်စီက ဒရုန်းနဲ့ ကြဲတာ၊ ထိုးစစ် လုပ်လာရင် တိုက်ပွဲ ဖြစ်တာရှိတယ်။ မနေ့ စစ်ကောင်စီတပ်ဖွဲ့တွေက ထိုးစစ် လုပ်လာလို့ တိုက်ပွဲဖြစ်တာ”

လက်ရှိမှာ တွင်းငယ်ရွာရှိ စစ်တပ်နဲ့ တွင်းငယ်အနီးရှိ စစ်ကောင်စီရဲ့ တန်းမြင့်လေ့ကျင့်ရေးကျောင်း အမှတ်(၁၃)တပ်ကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော်- PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ သူက ဆက်ပြောပါတယ်။

တွင်းငယ်ရွာကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကတည်းက TNLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၄ လနီးပါးအကြာမှာတော့ ပြန်လည် လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

စစ်တပ်ဟာ တွင်းငယ်ရွာကို ထိန်းချုပ်ပြီးနောက်ပိုင်း နေအိမ်တွေကို ဆက်တိုက် မီးရှို့တာတွေ ပြုလုပ်နေပြီး တွင်းငယ်ရွာထဲ စစ်ကောင်စီတပ်ဖွဲ့ ရှိနေတာကြောင့် မီးရှို့ခံခဲ့ရတဲ့ နေအိမ် အရေအတွက်ကိုတော့ မသိရသေးပါဘူး။

သပိတ်ကျင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၂၅ ရက်မှာ တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပေမဲ့ စစ်ကောင်စီရဲ့ တကက ၁၃၊ ၇ မိုင်နဲ့ တွင်းငယ်ရွာမှာ စစ်တပ်စခန်းတွေ ကျန်ရှိနေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။