ဓာတ်ပုံ – ဂွမြို့နယ် စစ်ရှောင်ကူညီရေးပူးပေါင်းအဖွဲ့

လွေးထွေး၊ ဖေဖော်ဝါရီ ၂ ရက်၊ ဂွ

စစ်ကောင်စီတပ်ရဲ့ ဆေးဝါး ဖြတ်​ေတာက်တာကို ခံနေရတဲ့ အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်က ကျေးရွာ ၁၂ ရွာခန့်မှာရှိတဲ့ ကလေးငယ်အပါအဝင် ဒေသခံ ၃ ထောင်ကျော်ဟာ အရေပြား ကူးစက်ရောဂါ ကြုံနေရကြောင်း ဂွမြို့နယ် စစ်ရှောင်ကူညီရေး ပူးပေါင်းအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ရွှေဖီမြေကို ပြောပါတယ်။

အဲဒီအရေပြားရောဂါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး အဖြစ်များခဲ့တာ ဖြစ်ပြီးတော့ ၁၀ နှစ်အောက် ကလေးတွေမှာ ပိုပြီး ပြင်းပြင်းထန်ထန် ကူးစက်နေတယ်လို့ ဆိုပါတယ်။

၎င်းဒေသဟာ AA ထိန်းချုပ်ဒေသ ဖြစ်နေတာကြောင့် စစ်တပ်က ဆေးဝါးသယ်ဆောင်ခွင့်၊ စားနပ်ရိက္ခာ သယ်ဆောင်ခွင့် ပိတ်ထားတဲ့အတွက် လူထုတွေက ဆေးဝါး ရှားပါးတဲ့ပြဿနာနဲ့ စားသောက်ဖို့ အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ကိုနိုင်အောင်လင်းက “အဲဒီ ကျေးရွာတွေက အသက် ၁၀ နှစ်အောက် ကလေးတွေ ပိုအဖြစ်များတယ်။ ကိုယ်ခံအား မကောင်းတာကြောင့်လည်းဖြစ်မယ်။ အစာတွေ၊ ဆေးဝါးတွေ ဖြတ်တောက်ခံထားရတော့ အစာအာဟာရ ချို့တဲ့ကြတာကြောင့်လဲ ပါမယ်။ ကျေးရွာက လူထုတွေဆီ ကူးစက်တဲ့အပြင် ဒုက္ခသည်စခန်းက လူတွေဆီကိုလည်း စကူးလာပြီ။ အဓိကတော့ ကုသဖို့ ဆေး မရှိလို့ဖြစ်တယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိအချိန်ထိ အရေပြားရောဂါ ကူးစက်ခံနေကြရသူတွေကို ဂွမြို့နယ် စစ်ရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ကူညီခဲ့ပေမဲ့ ငွေကြေး၊ ဆေးဝါးနဲ့ အစားအသောက် အကူအညီ ဆက်လက် လိုအပ်နေတာကြောင့် ပြည်တွင်းပြည်ပ နေရာဒေသ အသီးသီးက အကူအညီတွေ လိုအပ်နေကြောင်း ကိုနိုင်အောင်လင်းက ဆိုပါတယ်။

ဂွမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှာ AA က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။