ဓာတ်ပုံ – Google

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁ ရက်

စစ်တပ်က အာဏာသိမ်းထားတဲ့ ၄ နှစ်အတွင်း ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လျစ်လျူမရှုဘဲ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ မွန်ခမာမျိုးနွယ်စုဖြစ်တဲ့ တအာင်း၊ ဝ၊ မွန် လူငယ်တွေက ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ပူးပေါင်းပြီး ထုတ်ပြန်တောင်းဆိုလာပါတယ်။

စစ်တပ်က လူထုတွေကို အဓိက ပစ်မှတ်ထားပြီး ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ မတရားစွဲဆိုချက်နဲ့ ထောင်ချတာ၊ ပြည်သူပိုင်အိုးအိမ်စည်းစိမ်ကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ ဖျက်ဆီးတာ၊ အများပိုင် ဆေးရုံ၊စာသင်ကျောင်း၊ ဈေးနဲ့ သာသနာ့ အဆောက်အအုံတွေကို လေကြောင်းနဲ့ တိုက်ခိုက်တာတွေကို နေ့တိုင်းလိုလို ကျူးလွန်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

လူအင်အား ချို့တဲ့လာတဲ့ စစ်တပ်က လူငယ်တွေကို အဓိက ပစ်မှတ်ထားပြီးအတင်းအကြပ် စစ်မှုထမ်းစေတာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ရှိတယ်လို့ ပြောဆိုထားပါတယ်။

အာဏာသိမ်းကာလအတွင်း အခက်အခဲ၊ ဒုက္ခမျိုးစုံ ဆင်းရဲပင်ပန်းမှု၊ တိုင်းပြည်နဲ့ လူထုတွေရဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးနဲ့ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး စတဲ့ရည်ရွယ်ချက်နဲ့အတူ ဒီနေ့အထိ တော်လှန်ရေးခရီးကို မဆုတ်မနစ်ဘဲ လျှောက်လှမ်းနေပါတယ်လို့ ဆိုပါတယ်။

မျိုးဆက်သစ်လူငယ်၊ အကြမ်းဖက် အာဏာဖီဆန်ရေး အင်အားစု ပါဝင်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်း၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့၊ တော်လှန်ရေးအင်အားစု၊ အရပ်ဖက်အဖွဲ့အစည်းနဲ့ ပြည်ပရောက် ဒေသခံတွေ အဖက်ဖက်ကနေ ကူညီပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တအာင်း၊ ဝ၊ မွန် လူငယ်တို့အကြား အချိတ်အဆက်မပြတ် ဆက်လက် တိုက်ပွဲ ဝင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။