ဓာတ်ပုံ – AA Info Desk

ရွှေဖီမြေ၊ သြဂုတ် ၂၅ ရက်၊ သံတွဲ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲနဲ့ ဂွမြို့နယ်ထဲ စစ်ကောင်စီတပ်က ဗုံးအလုံး ၁၀၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ AA က သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက် ညသန်းခေါင်ယံအချိန်မှာ သံတွဲမြို့နယ် ငပလီမြို့ထဲက စစ်တပ်စခန်းဟောင်းရှိတဲ့ ခြေမြန်တပ်ရင်း ၅၆၆ နဲ့ ခြေလျင်တပ်ရင်း ၅၅ တပ်ထဲအပြင် လူထုတွေ နေထိုင်တဲ့နေရာတွေကို ဂျက်လေယာဉ် ၈ စီး၊ Y-8 တစ်စီးနဲ့ Y-12 တစ်စီး အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း ငပလီမှာ စစ်ဘေးရှောင်သူ ၁ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

AA Info Desk

ဒါ့အပြင် သြဂုတ် ၂၁ ရက်တည်းမှာတင် ဂွမြို့နယ် ညောင်ချောင်းရွာထဲ ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၈ ဦး ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

စစ်တပ်ဟာ ရခိုင်ဒေသအတွင်း စစ်ရေးနဲ့ မသက်ဆိုင်တဲ့ နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ တစ်ရက်ပြီးတစ်ရက် မြှင့်တက်လာတယ်လို့ AA က ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်မှာလည်း သံတွဲမြို့ပေါ် စစ်တပ်ဘက်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ရခိုင်ဒေသအတွင်း နေထိုင်တဲ့ လူထုတွေအနေနဲ့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ရေကြောင်းရန်တွေကို အရင်ကထက် သတိထားဖို့ AA က တိုက်တွန်းထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။