ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဇန်နဝါရီ ၃၁ ရက်၊ အိန္ဒိယ

အိန္ဒိယနိုင်ငံ အာသံပြည်နယ်က အကျဥ်းထောင်မှာ အကျဥ်းကျခံရတဲ့ မြန်မာနိုင်ငံသား ချင်းလူမျိုး ၃၂ ဦးဟာ လွတ်မြောက်ဖို့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေကြတယ်လို့ India For Myanmar တာဝန်ရှိသူတွေဆီက သိရပါတယ်။

သူတို့တွေဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ပြေးဒုက္ခသည်အဖြစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ UNHCR လက်အောက်မှာ တရားဝင် ခိုလှုံခွင့်ရရှိဖို့ သွားတဲ့လမ်းမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

“သူတို့က လဝက ဥပဒေနဲ့ ထောင်ကျခံရတဲ့သူတွေပါ။ ငွေဒဏ် ထောင်ဒဏ် လွတ်ရက်စေ့ပေမဲ့ ဆက်လက် ဖမ်းဆီးခံရတာကြောင့် အမြန်ဆုံး လွတ်ပေးဖို့ ဆန္ဒပြကြတာပဲ ဖြစ်ပါတယ်။ ​ချင်းတွေအပြင် ရိုဟင်ဂျာတွေလည်း ပါတယ်လို့ကြားတယ်” လို့ India For Myanmar တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အစာငတ်ခံ ဆန္ဒပြကြတဲ့သူတွေဟာ ပြစ်ဒဏ် ငွေဒဏ် အကုန်ကျခံပြီးသား ဖြစ်ကြပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုကို အကြောင်းပြကာ ထောင်စည်းကမ်းအတိုင်း ဆက်လက် ထိန်းသိမ်းခံကြရခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တည်ငြိမ်မှုကို စောင့်ပြီး ထောင်ထဲမှာ ထိန်းသိမ်းခံရပါက ထောင်ဒဏ်တစ်သက် သို့မဟုတ် သေဒဏ် ကျခံရခြင်းနဲ့တူနေပြီး လွတ်ရက်မရတဲ့ အနေအထားနဲ့ ကြုံနေကြတယ်လို့ India For Myanmar က ပြောဆိုပါတယ်။

“အိန္ဒိယထောင်မှာ ၁၀ နှစ်ကျော်အထိ ဖမ်းဆီးထောင်ချခံတဲ့ နိုင်ငံခြားသားတွေ ရာချီ ရှိတယ်။ သူတို့အားလုံးကလည်း အခုဖမ်းဆီးခံ ချင်းလူမျိုးများနဲ့ တူညီတဲ့ ဥပဒေနဲ့ ဖမ်းခံသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ဖမ်းဆီးခံရတဲ့ ချင်းလူမျိုးတွေအတွက် အဘက်ဘက်က ဝိုင်းဝန်းအသံထွက်ပေးကြဖို့လိုတယ်” လို့ India For Myanmar တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းခံရတဲ့ ချင်းလူမျိုးတွေ လွတ်မြောက်နိုင်ရေးအတွက် ပြည်တွင်းပြည်ပက တက်ကြွလှုပ်ရှားသူ၊ သတင်းမီဒီယာအနေနဲ့ ဝိုင်းဝန်းအသံထွက်ပေးကြဖို့ India For Myanmar က တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။