ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဇန်နဝါရီ ၃၁ ရက်၊ မိုးမိတ်

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ အာသံရပ်ကွက်က အမျိုးသားတစ်ဦး ငှက်ပျောခြံ သွားရှင်းရင်း စစ်ကျန်လက်နက်ဖြစ်တဲ့ လက်နက်ကြီး ပေါက်မိပြီး ပေါက်ကွဲလို့ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၂ နာရီခွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အာသံရပ်ကွက်နေ အသက် ၅၀ အရွယ် ဦးစိုင်းမောင်လေးဟာ နမ့်မောင်းချောင်းအနီး သူ့ရဲ့ဌက်ပျောခြံသွားရှင်းချိန် မြေကြီးထဲ စိုက်ဝင်နေတဲ့ ၆၀ မမ လက်နက်ကြီးကို ပေါက်မိခဲ့တာ ဖြစ်ပါတယ်။

၎င်းအမျိုးသားဟာ ညာခြေထောက် ဒူးခေါင်းအောက်၊ ညာလက်ကောက်ဝတ်၊ ဘယ်ဘက်ပုခုံးနဲ့ လည်ပင်း ထိခိုက်ခဲ့ပါတယ်။

ဒဏ်ရာရသူ အမျိုးသားကို မိုးမိတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကုသပေးခဲ့ပေမဲ့ မကုသနိုင်တာကြောင့် လက်ရှိမှာတော့ မိုးကုတ် ပြည်သူ့ဆေးရုံဘက် လွှဲပြောင်းပြီး ကုသနေတယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအပြင် လက်ရှိအချိန်ထိ ရှမ်းမြောက်က အရပ်သားတွေဟာ မကြာခဏ မိုင်းနဲ့ စစ်ကျန်လက်နက်​ေကြာင့် ထိခိုက်သေဆုံးနေကြဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။