ရွှေဖီမြေ၊ ဇူလိုင်လ ၂၃ ရက်
ဒီသင်တန်းကို နမ့်ဆန်မြို့မှာ လာမယ့် ဩဂုတ်လ ဒုတိယပတ်ကစပြီး ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
သင်တန်းကာလက လေးလကြာမြင့်မှာဖြစ်ပြီး စာတွေ့ ၃၀ ရာခိုင်နှုန်းနဲ့ လက်တွေ့ ၇၀ ရာခိုင်နှုန်းကို အဓိကထား သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ဒီသင်တန်းကို မိုင်းယော်၊ တန့်ယန်း၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံနဲ့ နမ္မတူမြို့နယ်တို့က အသက် ၁၅ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ လူငယ်တွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ကွန်ပျူတာသင်တန်းနဲ့ စက်ချုပ်သင်တန်း တစ်ခုစီမှာ သင်တန်းသား ၁၅ ဦးစီ၊ စုစုပေါင်း ၃၀ ဦးကို လက်ခံသွားမှာဖြစ်ပါတယ်။
သင်တန်းလျှောက်လွှာတွေကို ဇူလိုင်လ ၃၁ ရက်အထိ လက်ခံသွားမှာဖြစ်ပြီး၊ စံသတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေကို ဩဂုတ်လ ၁ ရက်ကနေ ၅ ရက်အတွင်း အင်တာဗျူးပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သင်တန်းတက်ရောက်နေစဉ်အတွင်း သွားလာရေး၊ နေထိုင်ရေးနဲ့ စားသောက်ရေးစရိတ်တွေကို TEI ဘက်က တာဝန်ယူပေးသွားမှာဖြစ်ပြီး၊ သင်တန်းကို အောင်မြင်စွာပြီးဆုံးသူတွေကိုလည်း အခြေခံစီးပွားရေးလုပ်ငန်း စတင်နိုင်ဖို့ ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။