ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဇူလိုင် ၂၂ ရက်၊ ပုလဲ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက စာသင်ကျောင်းတစ်ခုမှာ ကလေးငယ်တွေ ယားနာရောဂါဖြစ်ပွားနေပြီး အရေးပေါ် ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ အဲဒီကျေးရွာမှာ တာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အဲဒီစာသင်ကျောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပြီး ကျေးရွာ ၄ ရွာက ကလေး ၄၀၀ ကျော်ကို စာသင်ကြားပေးနေတဲ့ စာသင်ကျောင်းဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ယားနာပေါက်နေတဲ့ ကလေး ၂၀ ဝန်းကျင်ရှိပြီး တစ်ဦးနဲ့တစ်ဦး ကူးစက်နေတာကြောင့် အရေးပေါ် ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မိုးတွင်းကာလဆိုတော့ အနာစက်လေးတွေပေါက်ကျတယ်ဗျ။ တစ်ယောက်နဲ့တစ်ယောက် ကူးစက်နေကြတာဆိုတော့ ပွားပွားနေကြတာ။ အရင်နှစ်တွေမှာတော့ ကွင်းဆင်းဆေးကုပေးတယ်။ ကြာလာတာနဲ့အမျှ ကြပ်တည်းလာတဲ့ အခြေအနေတွေကြောင့် နားထားရတယ်” လို့ ဆိုပါတယ်။

ဒီစာသင်ကျောင်းနဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေနေထိုင်တဲ့ ကျေးရွာတွေကြားမှာ တည်ရှိနေတာဖြစ်ပြီး ကလေးငယ်တွေအတွက် သွားလာရေးအခက်အခဲရှိနေတာကြောင့် ဝိုင်းဝန်းကူညီကြဖို့ ၎င်းက တောင်းဆိုထားပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထိန်းချုပ်ထားတဲ့ နေရာတွေမှာ NUG က ကြားကာလစာသင်ကျောင်းတွေ ဖွင့်လှစ်ပေးထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။