ဆုမွန်၊ ဇူလိုင် ၂၁ ရက်၊ နမ့်ခမ်း

တရုတ်ဘက်က ရေကာတာဖွင့်ချခဲ့ချိန်ကစပြီး တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ရွှေလီမြစ်ကမ်းဘေးမှာရှိတဲ့ ဒေသခံတွေဟာ လက်ရှိအချိန်ထိ ရေလွှမ်းမိုးခြင်းဒဏ်ကို ခံစားနေရတာ ဖြစ်ပါတယ်။

ရွှေလီမြစ်ကမ်းဘေးမှာရှိတဲ့ ဒေသခံတွေရဲ့ ကြံခင်း၊ ပြောင်းခင်း၊ စပါးခင်းနဲ့ အခြားစိုက်ပျိုးခင်းတွေ ရေလွှမ်းမိုးခြင်းဒဏ်ကို ခံစားကြရသလို သဲထုတ်လုပ်ငန်းတွေနဲ့ ကမ်းကူးလုပ်ငန်းတွေအကုန်လုံး ရပ်နားကြရတယ်လို့ တအာင်းသဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့ – TEWG က ထုတ်ပြန်ထားပါတယ်။

ဒေသခံအမျိုးသားတစ်ဦးက ” ဒီနေ့ နေပူတာတောင် ရေမကျဘူး။ ရေဒီလောက်ကြီးတာက မိုးရွာလို့ ရေကြီးတာမှမဟုတ်တာ။ အဲရေတွေက မူဆယ်ဘက်တို့ တရုတ်ဘက်က လာတဲ့ရေတွေပဲ။ နမ့်ခမ်းမြို့ပြင်က မန်ဆွမ်း၊ နောင်မာတာ၊ နောင်တိန်းတို့ တကြောပဲ ရေကြီးရေလျှံ အများဆုံးဖြစ်နေတာ။ အဲဘက်က ကြံခင်းတွေ စပါးခင်းတွေ အကုန်မြှုပ်‌တယ်။ ‌မန်ဆွမ်းရွာဘက်ဆို ကချင်ပြည်က လာတဲ့ရေအော ဒီကရွှေလီမြစ်ရေအော အဲရွာမှာပဲ လာဆုံကြပြီး ရွှေလီတံတားဘက်ပြန်သွားတာ”

တရုတ်နိုင်ငံထဲ မိုးပြင်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနယ်စပ်အနီးမှာရှိတဲ့ တရုတ်နိုင်ငံထဲက ရေကာတာတစ်ခုကို ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကစပြီး တရုတ်က ဖွင့်ချဖို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ရွှေလီမြစ်ကမ်းဘေးမှာရှိတဲ့ နမ့်ခမ်းမြို့နယ်ထဲမှာ ရေတွေမြင့်တက်လာခဲ့ပါတယ်။

နောက်ထပ်အမျိုးသားတစ်ဦးက ” နမ့်ခမ်းကနေ မူဆယ်တက်တဲ့လမ်းဘက်မှာတော့ ဒီနေ့ ရေနည်းနည်းတော့ပြန်ကျတယ်။ မနေ့က အဲဒီလမ်းတလျောက်တွေမှာဆို စပါးခင်း၊ စိုက်ခင်းတွေ အကုန်မြှုပ်။ တောင်ကျရေတွေကျ မြစ်ရေကလည်းတက်နေတာဆိုတော့ လယ်သမားတွေ အကုန်ဆုံးရှုံးပြီလေ”

ဒါ့အပြင် အဲဒီ ရွှေလီမြစ် ရေကြီးမှုကြောင့် ဓာတ်ဆီတင်ယာဉ်တွေလည်း ဝင်ရောက်မလာနိုင်တဲ့အတွက် နမ့်ခမ်းမြို့မှာ ဓာတ်ဆီပြတ်လပ်လာပြီး ဆီဆိုင်တွေကလည်း ဓာတ်ဆီကို အကန့်အသတ်နဲ့သာ ရောင်းချနေရတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကောင်းတပ် နေအိမ်ပျက်စီးမှုအတွက် TNLA က ကူညီပေးမှု ပြီးစီးပြီလို့ ထုတ်ပြန်

ယမ်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုများခဲ့တဲ့ တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကို ကူညီပေးမှု ပြီးစီးပြီဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

သီပေါမှာ လေပြင်းတိုက်ခတ်လို့ ရှေ့ဟောင်းစေတီတစ်ဆူ ထီးတော် မြေခ၊ ကျောင်းဆောင် ၁ ဆောင်ပျက်စီး

ရှမ်းမြောက် သီပေါမြို့မှာ လေပြင်းတိုက်ခတ်တာကြောင့် ရှေးဟောင်း စေတီတစ်ဆူရဲ့ ထီးတော် မြေခခဲ့ရပြီး ကျောင်းဆောင် ၁ ဆောင်လည်း ပျက်စီးခဲ့တယ်လို့ သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လေကြောင်းဗုံးကြဲလို့ မိဘ၂ဦးလုံး သေဆုံးပြီး ထိခိုက်ဒဏ်ရာရထားတဲ့ ဗန်းမော်မြို့နယ် ထီးလင်း ကောင်ဂျာရွာက လသားအရွယ်ကလေးငယ် နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ထီးလင်း ကောင်ဂျာရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရထားတဲ့ လသားအရွယ်ကလေးငယ်ဟာ နေ့စဉ်အသုံးအဆောင်နဲ့ ဆေးဝါးဖိုး အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တာချီလိတ်မှာ လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်တချို့ ပျက်စီး

‎ရှမ်းအရှေ့ တာချီလိတ်မြို့မှာ လေ‌ပြင်းတိုက်ခတ်တာနဲ့ မိုးရွာသွန်းမှုတွေကြောင့် နေအိမ်တချို့ ပျက်စီးတာရှိခဲ့ကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။