ဖိုဝါဒ ကြီးစိုးမှုတွေကို တိုက်ဖျက်ဖို့ ရွာသူကြီး လုပ်ခဲ့တဲ့ ဒေါ်အမ်လောတ်
ဒေါ်အမ်လောတ်ဟာ ကွတ်ခိုင်မြို့နယ် ဆာယာကျေးရွာမှာ ရွာသူကြီးအဖြစ် တာဝန်ယူထမ်းဆောင်နေသူ ဖြစ်ပါတယ်။
အမျိုးသမီး ရွာသူကြီးဖြစ်တဲ့ ဒေါ်အမ်လောတ်ဟာ အဲဒီဒေသမှာ ရှိနေတဲ့ ဖိုဝါဒ ကြီးစိုးမှုတွေကို လက်မခံဘဲ တိုက်ဖျက်ဖို့ ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။
ဒေါ်အမ်လောတ်ဟာ ရွာသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ရွှေဖီမြေ သတင်းထောက် လွေးဇွန်မိုးက ရိုက်ကူးတင်ဆက်ပေးထားပါတယ်။