ဓာတ်ပုံ – Local

ဆုမွန်၊ ဇူလိုင်လ ၁၆ ရက်၊ မိုးကုတ်

မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုကို စစ်ကောင်စီတပ်က လာရောက်ဖြိုချဖျက်ဆီးသွာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဇူလိုင် ၁၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ မိုးကုတ်မြို့အနောက်ပိုင်း ပန်းမထိမ်ရပ်ကွက်အတွင်းက လမ်းမကြီးပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

“ည ၁၀ နာရီအချိန်မှာ စစ်တပ်က မိုးကုတ်အနောက်ပိုင်း ပန်းမရပ်ကွက်အတွင်းရှိ လမ်းမကြီးပေါ်က ပြည်သူရဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုကြီးကိုဖျက်ဆီးလိုက်ပြီ။ အဲအိမ်နားက လူတွေ သူတို့ထိန်းသိမ်းထားတာ။ သူတို့ဘက်ဖိုးကားနဲ့ မြေကော်ကားနဲ့လာပြီး ဖျက်ဆီးတယ်။ အဲနားမှာရှိတဲ့ လူတွေကိုလည်း ည ၈ နာရီခေါ်သွားပြီး မနက်အစောပိုင်း ၂ နာရီမှ ပြန်လွှတ်လာတာ သူတို့ဖျက်ဆီးပြီးမှ လွှတ်ပေးတာ”

လာမယ့် ဇူလိုင် (၁၉)ရက် အာဇာနည်နေ့ မရောက်ခင်မှာ စစ်ကောင်စီတပ်က တစ်နိုင်ငံလုံးမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတချို့ကို ဖြိုချဖျက်ဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတာ တွေ့နေရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကနေ ဇူလိုင်လ ပထမအပတ်အထိ စစ်ကောင်စီတပ်ဟာ မြန်မာတစ်နိုင်ငံလုံးရှိ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထု ၁၀ ကျော်ထက်မနည်း ဖြိုချဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။