ဓာတ်ပုံ – နွားထိုးကြီး PDF

ခိုင်လေး၊ ဇန်နဝါရီ ၃၁ ရက်၊ နွားထိုးကြီး

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြင်စည်ရွာကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း တပ်မ ၉၉ ကို နွားထိုးကြီး PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ စစ်သား ၂၁ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၈ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၃၀ ရက်က မြတောင်နဲ့ စိန်ပန်းကန်ရွာကြား နွားထိုးကြီး PDF ပူးပေါင်းအဖွဲ့မှ ဗိုလ်မှူး ရန်လင်းအောင်နဲ့ ဗိုလ်ကြီး အောင်ဇော်မင်း ဦးစီးတဲ့ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄၊ ၁၅ နဲ့ ရဲတပ်ရင်း ပူးပေါင်းအင်အား ၅၀ ခန့် ပါတဲ့ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ပြင်စည်ရွာကနေ အင်အား ၅၀ နဲ့ ထွက်လာတဲ့ စစ်ကြောင်းကို ကျနော်တို့ မနက်ခင်း ၁၀ နာရီခွဲဝန်းကျင်ကနေ နေ့လယ် ၂ နာရီဝန်းကျင်လောက်အထိ ထိတွေ့မှု ဖြစ်ပွားခဲ့တာပါ။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာ ရတာ မရှိပါဘူး”

စစ်တပ်ဘက်က ဗိုလ်ကြီး အောင်ဇော်မင်းအပါအဝင် အလောင်း ၂၁ လောင်း ရရှိပြီး ဗိုလ်မှူး ရန်လင်းအောင်က ထိခိုက်‌ဒဏ်ရာနဲ့ဆုတ်ခွာရင်း သေဆုံးသွားတယ်လို့ အမှတ် ၁ စစ်ဒေသရဲ့ ‌သတင်းဖော်ပြချက်အရ သိရပါတယ်။

တိုက်ပွဲအတွင်း MA-1 ၃ လက်၊ MA-2 ၄ လက်၊ MA-3 ၆ လက်၊ MA-4 ၂ လက်၊ MA-5 ၁ လက်၊ MA-11 ၆ လက်၊ G-3 ၁၂ လက်၊ G-4 ၂ လက်၊ BA-94 ၁ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ပြောင်းရှည် ၁ လက်နဲ့ ၆၀ မမ ဗုံးသီး ၂၉ လုံး၊ အီနာဂါ ၅ လုံး၊နာနတ်သီးဗုံး ၉ လုံး၊ ၉ မမ ကျည် ၃၀၅ တောင့်၊ ဦးထုပ် ၁၀ လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း မြင်းခြံခရိုင် တပ်ရင်း ၄ နဲ့ ၁၀ က ပူးပေါင်းလုပ်ဆောင်ခဲ့တာကြောင့် စစ်တပ်ဘက် တံတားဦးလေတပ်ကနေ တက်လာတဲ့ Mi-35 ၁ စီးနဲ့ ၃ ကြိမ် လာရောက် ပစ်ကူပေးခဲ့တယ်လို့လည်း နွားထိုးကြီး PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။