ဓာတ်ပုံ – Local

‎ပပ၊ ဇူလိုင် ၁၄ ရက်

‎ရှမ်းအရှေ့ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံနဲ့ ကျိုင်းတုံ စတဲ့မြို့နယ်တွေမှာ ထိုင်းဘက်က စက်သုံးဆီ ပုံမှန်တင်သွင်းတာထက် လျော့ပြီး ပေးတာကြောင့် ဆီပြတ်လတ်မှာကို စိုးရိမ်လို့ ဒေသခံတွေက အလုအယက်ဝယ်နေကြသလို တချို့သော အရောင်းဆိုင်တွေက ပိတ်ထားကြောင်း တာချီလိတ်ရှိ မြို့ခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ ဇူလိုင် ၁၃ ရက်မှစပြီး ၎င်းဒေသတွေမှာ ထိုင်းဘက်က စက်သုံးဆီ တင်သွင်းမှု လျှော့ချထားကြောင်း ကောလဟာလသတင်းကြောင့် မြို့ခံတွေ ဆီတန်းပြီးဝယ်ယူနေရတဲ့အပြင် ပန့်ဆီဆိုင်တချို့လည်း ပိတ်ထားသလို လမ်းဘေးဆီအရောင်းဆိုင်တွေလည်း မရှိတော့ကြောင်း ဆိုပါတယ်။

‎အထက်ပါအမျိုးသမီးက “လောလောဆယ်တော့ လုံးဝ ဝယ်မရတာတော့ မဟုတ်သေးဘူး။ လုနေရတယ်။ ဈေးနဲနဲထိုးတက်တာရယ်ပေါ့။ တချို့ဆိုင်တွေက ပိတ်လိုက်တာတွေ့ရတယ်။ အဲတာတွေက တကယ်ဘဲဆီကုန်တာလား။ တမင်မရောင်းတာလားတော့ မသိရဘူး” လို့ ပြောပါတယ်။

‎စက်သုံးဆီ တင်သွင်းတဲ့ကိစ္စနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသေးပေမဲ့ ဒေသခံတွေက စိုးရိမ်နေကြကြောင်း နောက်ထပ် ကျိုင်းတုံရှိ အမျိုးသားက ဆိုပါတယ်။

‎”ကျနော်မနေ့က တွေ့ခဲ့ရတာတော့ တာချီလိတ်လမ်း၊ ဆန်ဂိုဒေါင် ကုန်းဆင်းနားနဲ့ လွိုင်မွေလမ်း အဲနေရာက ဆီဆိုင်တွေနဲ့ လမ်းဘေးမှား ဗူးနဲ့ရောင်းတာတွေလည်း မတွေ့ရတော့ဘူး။ ပြီးရင် ဖွင့်နေသေးတဲ့ ပန့်တွေမှာ တန်းနေရတာပါ” လို့ ပြောပါတယ်။

‎ဒါ့အပြင် မိုင်းတုံနဲ့ မိုင်းဆတ်စတဲ့ မြို့နယ်တွေမှာလည်း ထိုနည်းတူ ၂ ရက်အတွင်း ဆီဈေး ၂၀၀၀ ဝန်းကျင် ထိုးတက်ခဲ့ကြောင်း ဆိုပါတယ်။

‎ရှမ်းအရှေ့မှာ ပုံမှန်အားဖြင့် စက်သုံးဆီ ၄၀၀၀ နဲ့ ၅၀၀၀ ဝန်းကျင်သာ ဈေးရှိခဲ့ပေမဲ့ ဒီနေ့ဇူလိုင် ၁၄ ရက်မှာတော့ တစ်လီတာ ၇၀၀၀ နဲ့ ၈၀၀၀ ကြား ဈေးရှိနေကြောင်း ကျိုင်းတုံ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

‎အွန်လိုင်းငွေလိမ်တဲ့အဖွဲ့နဲ့ မူးယစ်ရောင်းဝယ်ဖောက်ကားသူတွေကို ထိုင်းဘက်က ဖမ်းဆီးနှိမ်နင်းနေတာကြောင့် စက်သုံးဆီ တင်သွင်းမှု လျှော့ချတာဖြစ်ကြောင်း သတင်းထွက်ပေမဲ့ ရွှေဖီမြေက သီခြားအတည်မပြုနိုင်ခဲ့ပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။