ဓာတ်ပုံ – Local

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၃၀ ရက်၊ မန်စံ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် မန်စံကျေးရွာမှာ ကားနဲ့ စက်ဘီး တိုက်မိလို့ စက်ဘီး မောင်းတဲ့ အမျိုးသားတစ်ဦး အပြင်းအထန်‌ ဒဏ်ရာ ရခဲ့ပါတယ်။

ဖြစ်စဉ်ဟာ မနေ့ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီကျော်က နမ္မတူ-မန်စံကြားမှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာလို့ ရွှေဖီမြေရဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“စက်ဘီး မောင်းတဲ့လူက ခေါင်း ထိသွားတာ။ ဘယ်သူ မှားတာလဲ မသိတော့ဘူး။ ငါတို့ ဟိုမှာရောက်တော့ လူပြည့်နေတာ။ ဘယ်လို တိုက်တာလဲ မသိဘူး ကားအရှိန်များတာလား မသိဘူး”

လက်ရှိမှာတော့ ကားနဲ့တိုက်ခံရတဲ့ စက်ဘီးမောင်းသူကို မန်စံ ဆေးရုံမှာ မကုသနိုင်လို့ လားရှိုး ဆေးရုံဘက် နမ္မတူရှိ အရေးပေါ်လူနာတင်ယာဉ်နဲ့ လွှဲပြောင်းထားပြီး ဘယ်သူလဲဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ကားမောင်းတဲ့ အမျိုးသားဟာ အသက် ၄၇ နှစ်အရွယ်ရှိတဲ့ ကျော်နိုင်ဦးဆိုသူဖြစ်ပြီး မန်စံမှာ ဖွင့်လှစ်ထားတဲ့ တရုတ်ကျောင်းမှာ ကျောင်းဆရာတာဝန် ထမ်းဆောင်နေသူ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကားမောင်းတဲ့ အမျိုးသားကို TNLA ရဲ့ ရဲတပ်ဖွဲ့က မန်စံ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

အလားတူ မူဆယ်မြို့မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်က ကားနဲ့ဆိုင်ကယ် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ကလေး ၂ ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။