ဓာတ်ပုံ – Local

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၃၀ ရက်၊ မန်စံ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် မန်စံကျေးရွာမှာ ကားနဲ့ စက်ဘီး တိုက်မိလို့ စက်ဘီး မောင်းတဲ့ အမျိုးသားတစ်ဦး အပြင်းအထန်‌ ဒဏ်ရာ ရခဲ့ပါတယ်။

ဖြစ်စဉ်ဟာ မနေ့ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီကျော်က နမ္မတူ-မန်စံကြားမှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာလို့ ရွှေဖီမြေရဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“စက်ဘီး မောင်းတဲ့လူက ခေါင်း ထိသွားတာ။ ဘယ်သူ မှားတာလဲ မသိတော့ဘူး။ ငါတို့ ဟိုမှာရောက်တော့ လူပြည့်နေတာ။ ဘယ်လို တိုက်တာလဲ မသိဘူး ကားအရှိန်များတာလား မသိဘူး”

လက်ရှိမှာတော့ ကားနဲ့တိုက်ခံရတဲ့ စက်ဘီးမောင်းသူကို မန်စံ ဆေးရုံမှာ မကုသနိုင်လို့ လားရှိုး ဆေးရုံဘက် နမ္မတူရှိ အရေးပေါ်လူနာတင်ယာဉ်နဲ့ လွှဲပြောင်းထားပြီး ဘယ်သူလဲဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ကားမောင်းတဲ့ အမျိုးသားဟာ အသက် ၄၇ နှစ်အရွယ်ရှိတဲ့ ကျော်နိုင်ဦးဆိုသူဖြစ်ပြီး မန်စံမှာ ဖွင့်လှစ်ထားတဲ့ တရုတ်ကျောင်းမှာ ကျောင်းဆရာတာဝန် ထမ်းဆောင်နေသူ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကားမောင်းတဲ့ အမျိုးသားကို TNLA ရဲ့ ရဲတပ်ဖွဲ့က မန်စံ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

အလားတူ မူဆယ်မြို့မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်က ကားနဲ့ဆိုင်ကယ် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ကလေး ၂ ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။