ပုံ – CPA

ရွှေဖီမြေ၊ ဇူလိုင် ၂ ရက်၊ မင်းတပ်

ပြီးခဲ့တဲ့ မေလ ၁၆ ရက်ကစပြီး ချင်းပြည်နယ် မင်းတပ်နဲ့ကန်ပက်လက်မြို့နယ်ဘက် အင်အားထောင်ချီနဲ့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

ချင်းပြည်သူ့တပ်မတော်- CPA၊ ယောဒေသမှ တော်လှန်ရေးတပ်တွေဖြစ်တဲ့ YDF၊ YA အပါအဝင် အခြားမဟာမိတ်တပ် အတူတကွ ဟန့်တားတိုက်ခိုက်ခြင်း၊ တန်ပြန်ထိုးစစ်ဆင်ခြင်းနဲ့ တိုက်ခိုက်ချေမှုန်းခဲ့လို့ စစ်တပ်ဘက်က ရာချီ သေဆုံးကာ ဖွဲ့စည်းပုံပျက်ပြီး တပ်လန်ကျသွားတယ်လို့ CPA က ဒီနေ့ ဇူလိုင် ၂ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

၁ လကျော် ကြာလာပြီဖြစ်တဲ့ ပြင်းထန်တဲ့တိုက်ပွဲအတွင်း စစ်တပ်ရဲ့ အလောင်းနဲ့ သုံ့ပန်းအပါအဝင် လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ ယောဒေသ ဆောမြို့နယ်ကို ဖြတ်ပြီး အင်အား ထောင်ချီနဲ့ ချင်းပြည်ဘက် ထိုးစစ်ဆင်နေတာပဲ ဖြစ်ပါတယ်။

မြေပြင်တိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ စစ်ရေးပစ်မှတ်၊ အရပ်ဖက်ပစ်မှတ်တွေကို မခွဲခြားဘဲ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ ရမ်းသန်းပစ်ခတ်မှုကို နေ့စဉ် ကျူးလွန်နေတဲ့အတွက် လူထုတွေရဲ့ အသက်အိုးအိမ် ထိခိုက်ခဲ့တဲ့အပြင် အမျိုးသမီးနဲ့ကလေးသူငယ်အပါအဝင် အပြစ်မဲ့ အရပ်သားတွေလည်း ထိခိုက်ခြင်းနဲ့ သေဆုံးတာတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

CPA အနေနဲ့ မဟာမိတ်ပူးပေါင်းတပ်၊ လူထုတွေနဲ့ လက်တွဲပူးပေါင်းပြီး နယ်မြေ ကျူးကျော်လာနေတဲ့ စစ်တပ်ကို အရှိန်အဟုန်မြှင့်တင်ပြီး နည်းလမ်းပေါင်းစုံနဲ့ အဆုံးထိ ခုခံတွန်းလှန်သွားဖို့ သန္နိဌာန်ချကာ တော်လှန်နေတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။