ဝေးလံခေါင်သီတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်ဒေသနဲ့ တန့်ယန်းမြို့နယ်ထဲမှာ တာဝန်ထမ်းဆောင်မယ့် ဆရာဆရာမတွေ တာဝန်ကျမယ့်နေရာကို သွားနေကြတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။
ဒီလို ဝေးလံခေါင်သီတဲ့ဒေသမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ဆရာဆရာမတွေရှိသလို ဒီနှစ်ပညာသင်နှစ်မှာမှ ဒီဒေသကို စတင်တာဝန်ထမ်းဆောင်မယ့် ဆရာဆရာမတွေလည်း ရှိပါတယ်။
ဝေးလံခေါင်သီတဲ့ မိုင်းယော်နဲ့ တန့်ယန်းမြို့နယ်ထဲက ကျေးရွာတွေမှာ တအာင်းပညာရေးအင်စတီကျူ့- TEI က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးနေတာပါ။
ဒီဒေသမှာ တာဝန်ကျတဲ့ ကျောင်းဆရာဆရာမတွေအတွက် စာသင်မယ့်ကျောင်းအပြင် စာသင်ခုံတွေလည်း လိုအပ်ချက်များစွာ ရှိနေပြီး အကူအညီတွေ လိုအပ်နေတာကို တွေ့ရပါတယ်။