ရွှေဖီမြေ၊ ဇွန်လ ၂၆ ရက်၊ မန်တုံ
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးသွားတဲ့ နမ့်ခမ်း-မန်တုံ လမ်းပိုင်းကို ပြန်လည်ပြုပြင်နိုင်ဖို့ မနက်ဖြန် ဇွန်လ ၂၇ ရက်ကစပြီး ဖြတ်သန်းသွားလာခွင့် ယာယီပိတ်မှာဖြစ်ကြောင်း PSLF/TNLA ရဲ့ နမ့်ခမ်းခရိုင် အုပ်ချုပ်ရေးရုံးက ထုတ်ပြန်လာပါတယ်။
မိုင်းဝီး-မန်တုံ၊ မိုင်းဝီး-မိုင်းဘော်၊ မိုင်းဝီး-နမ့်ခမ်း စတဲ့လမ်းပိုင်းတွေကို ယာယီပိတ်ထားမှာဖြစ်ပြီး ခြွင်းချက်အနေနဲ အိမ်သုံးမော်တော်ယဉ်ငယ်၊ ခရီးသည်တင်ယာဉ်တွေတော့ ဖြတ်သန်းခွင့် ပြုမယ်လို့ ဆိုပါတယ်။
ကုန်တင်ယာဉ်ကြီးနဲ့ ခရီးသည်တင် မှန်လုံယာဉ်ကြီးတွေကိုတော့ လုံးဝ ဖြတ်သန်းခွင့်ပေးမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
လမ်းပိုင်းကို ပြန်လည်ပြုပြင်ပြီးစီးရင် ဖြတ်သန်းသွားလာခွင့်ပြုမယ့်ရက်ကို ပြန်လည်ထုတ်ပြန်ကြေညာပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ဆက်လက် ဖော်ပြထားပါတယ်။
တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူ-မန်တုံ- မိုင်းဝီး-နမ့်ခမ်း လမ်းပိုင်းဟာ နှစ်စဉ် မိုးရာသီရောက်တိုင်း လမ်းတွေ ဆိုးရွားစွာ ပျက်စီးပြီး နှစ်စဉ်လိုလို ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။