စစ်ပွဲအတွင်းနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေလည်း အများစု ရှိနေပါတယ်။
တအာင်းဒေသ နမ့်ဆန်နဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ဘက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းက လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ကလေးငယ် သုံးယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဗုံးကြဲခံခဲ့ရတာဟာ ကာလတစ်ခု ကြာသွားခဲ့ပြီ ဖြစ်ပေမဲ့ မိသားစုဝင်ရဲ့ ရင်ထဲက ဒဏ်ရာနဲ့ စစ်ပွဲရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ဒီနေ့အထိ ရှိနေဆဲ ဖြစ်ပါတယ်။
ရွှေဖီမြေက ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။