ရွှေဖီမြေ၊ ဇွန်လ ၂၃ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ Mi 17 ထောက်ပို့ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် Magway – PDF က သတင်းထုတ်ပြန်ထားပါတယ်။
မကွေး- PDF ရဲ့တာဝန်ရှိသူတစ်ဦးက “ဒီနေ့ ပစ်ချနိုင်ခဲ့တာပါ။ မြိုင်နယ်တနေရာမှာ ပျက်ကျတာပါဗျ။ လောလောဆယ်တော့ စစ်ရေးအခြေအနေ စစ်ကြောင်းထိုးနေပါတယ်။ လေကြောင်းတိုက်ခိုက်နေတာတွေ ရှိပါတယ်”လို့ ရွှေဖီမြေကို ပြောပါတယ်။
တော်လှန်ရေးတပ်တွေ ပူပေါင်းပြီး မကွေးဖက်ဒရယ်ယူနစ် ၊ ပခုက္ကူခရိုင် ၊ မြိုင်နယ်တနေရာမှာ ပစ်ချနိုင်ခဲ့တာဖြစ်ပြီး အသေးစိတ်ကိုတော့ ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒေသခံနဲ့ ရဲဘော် တွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်ဂရုစိုက်ကြဖို့ကိုလည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကလည်း မြိုင်မြို့နယ်အတွင်းမှာပဲ စစ်ကောင်စီတပ်ရဲ့ ပါရာမော်တာတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။