ဓာတ်ပုံ – CJ

အလင်း၊ ဇွန်လ ၂၃ ရက်၊ တမူး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ရှိ ကနန်ကျေးရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး နေအိမ်အများအပြား ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ခမ်းပတ်မြို့ကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီဟာ မနေ့ ဇွန်လ ၂၂ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်မှာ ဂျက်တိုက်လေယာဉ်နဲ့ ခမ်းပတ်မြို့နဲ့ ကနန်ရွာအနီးဝန်းကျင်ကို ပစ်မှတ်ထား လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ခမ်းပတ်မြို့ ရပ်ကွက်တချို့နဲ့ ခမ်းပတ်အနားက ကန်န်ရွာတို့ကို တဆက်တည်းဗုံးကြဲတာပါ။ လေယာဥ်နဲ့ ဗုံးလာကြဲတဲ့ချိန်မှာ လူတွေက ပြေးချိန်တောင် မရလိုက်ဘူး။” လို့ ခမ်းပတ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီ လေကြောင်း တိုက်ခိုက်မှုအတွင်း အသက် (၃၄) နှစ်အရွယ် ကနန်ရွာသား ချင်းလူမျိုး Lalpanmawia မှာ ဗုံးစထိမှန်၍ နေရာမှာ သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး နေအိမ်တွေ မီးရှို့တာကြောင့် ဒေသခံတွေဟာ အသက်လုထွက်ပြေးနေရတဲ့အတွက် အလောင်းကို ပစ်ထားခဲ့ရတယ်လို့ သိရပါတယ်။

“အရပ်သားတွေက တိုက်ပွဲကြားမှာ ပိတ်မိနေတာ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက်လုပြီး ပြေးနေရတဲ့အတွက် သေဆုံးသူရဲ့ အလောင်းကိုတောင် မိသားစုဝင်တွေက မသင်္ဂြိုဟ်နိုင်ဘဲ လူမှုကူညီရေးအသင်းကပဲ အကူအညီပေးလိုက်ရတယ်” လို့ ခမ်းပတ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ရပ်ကွက် (A) နဲ့ ရပ်ကွက် (C) တို့မှာ လူနေအိမ် အဆောက်အအုံများစွာ ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် ဇွန်လ ၂၁ ရက်မှာလည်း ခမ်းပါတ်မြို့မှာ တိုက်ပွဲဖြစ်ပွားစဉ် အမှတ် (၄) ရပ်ကွက်မှ ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် အမှတ် (၃) ရပ်ကွက်မှာ ပစ်သတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။