ဓာတ်ပုံ- Local

ပပ၊ ဇွန်လ ၂၀ ရက်၊ မြဝတီ

‎ထိုင်း-မြန်မာနယ်စပ်မြို့ ကရင်ပြည်နယ် မြဝတီမြို့မှာ နေအိမ်တစ်လုံး မီးလောင်တာကြောင့် ကလေးငယ် ၂ ဦး သေဆုံးခဲ့ကြောင်း မြို့ခံအမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ ဇွန်လ ၁၉ ရက် ညနေ ၄ နာရီဝန်းကျင်မှာ မြဝတီ ရပ်ကွက် ၅ ခေါက်မလိလမ်းကြားရှိ နေအိမ်တစ်လုံးက ဂတ်စ်အိုးမီးကနေ အနီးရှိ ဓာတ်ဆီပုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ရာ ၁ နှစ်နဲ့ ၁၄ နှစ်အရွယ် ကလေးနှစ်ဦး မီးလောင်ခဲ့တာပဲ ဖြစ်ပါတယ်။

‎မြို့ခံအမျိုးသားက “အဲကလေးနှစ်ယောက်က အိပ်ခန်းထဲ အိပ်နေတယ်လို့ပြောတယ်။ အဖိုးတစ်ယောက်လည်း မီးလောင်ဒဏ်ရာ ရထားတယ်။ အိမ်နီးချင်းတွေ ပြောတာက အဲကလေးတွေရဲ့အဖေက မီးလောင်နေတဲ့အချိန်က ရှိထားတယ် သူက ကားတွေ ထုတ်နေလို့တဲ့” လို့ ပြောပါတယ်။

‎အသက် ၇၅ နှစ်အရွယ် အမျိုးသားဟာ ခြေထောက်၊ လက်မောင်းနဲ့ ကျောပြင်မှာ ဒဏ်ရာ ရခဲ့တာကြောင့် မြဝတီပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူနေရကြောင်း အထက်ပါအမျိုးသားက ပြောဆိုပါတယ်။

မီးလောင်တဲ့နေရာသို့ မီးသတ်ကား ရောက်လာပြီး ၁ နာရီဝန်းကျင် မီးသတ်ခဲ့ရကြောင်း မြဝတီမြို့ရှိ မီးသတ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

‎ပြီးခဲ့တဲ့ မေလ ၁၇ ရက်ကလည်း မြဝတီမြို့ အမှတ် ၄ သံတံတားအနီးမှာ မီးလောင်မှု ဖြစ်ပွားခဲ့ဖူးပါတယ်။

‎အလားတူ ရှမ်းမြောက် မူဆယ်မြို့မှာလည်း မနေ့ ဇွန်လ ၁၉ ရက် မနက် ၈ နာရီခွဲမှာ နဂါးနှစ်ကောင်ဟိုတယ် KTV မီးလောင်ခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။