ရွှေဖီမြေ၊ ဇွန်လ ၁၅ ရက်
လာမယ့် ဇွန်လ ၃၀ ရက်မှာ ကျရောက်မယ့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- NDAA ရဲ့ ၃၇ နှစ်မြောက် ငြိမ်းချမ်းရေးတည်ဆောက်မှု အထိမ်းအမှတ်အဖြစ် အကျဥ်သား ၃၅၀ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း ဒီနေ့ ဇွန်လ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
NDAA ရဲ့ ၃၇ နှစ်မြောက် ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုအရ ထိန်းသိမ်းခံရတဲ့သူတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေထဲက စည်ကမ်းလိုက်နာသူ ၃၅၀ ဦးကို လွတ်ငြိမ်းခွင့်ပြုတယ်လို့ ဖော်ပြထားပါတယ်။
NDAA ဟာ မဗာကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး ပြီးခဲ့တဲ့၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်မှာ စစ်အစိုးရငြိမ်းချမ်းရေးယူခဲ့ကာ ရှမ်းအရှေ့ပိုင်းရှိ နမ့်ပန်၊ ဆီလူးနဲ့ မိုင်းလားဒေသကို ထိန်းချုပ်ခွင့်ရခဲ့ပါတယ်။
ဒါ့အပြင် NDAA ထိန်းချုပ်ဒေသတွေကို စစ်အစိုးရကို “ရှမ်းပြည်နယ် အထူးဒေသ (၄)” အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီနဲ့ ဆွေးနွေးပွဲမကြာခဏပြုလုပ်နေပြီး လာမယ့်ရက်ပိုင်းမှာလည်း စစ်ကောင်စီဘက်က ဒုဗိုလ်ချုပ်ကြီးရာပြည့် မိုင်းလားကို လာဖို့ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။