မိုင်းရူပ၊ ဇန်နဝါရီ ၂၉ ရက်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ၁ နှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ၁,၉၂၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က မနေ့ ဇန်နဝါရီ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူတွေကို TNLA က အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းမှာ အကျင့်စာရိတ္တ ပြုပြင်ပေးပြီး ရောင်းဝယ်သူတွေကိုတော့ အရေးယူထားပါတယ်။

လက်ရှိ TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူ၊ ခိုးမှု၊ လုယက်မှု သိသိသာသာ လျော့နည်းလာတာ တွေ့ရပြီး မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူတော့ ဆက်ရှိနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

“လမ်းဘေးမှာ မူးယစ်ဆေးဝါးတွေကို ပေါ်တင် သုံးတာတော့ မတွေ့ရတော့ဘူး။ မူးယစ်ဆေး သုံးတဲ့သူလည်း ရှိနေသေးတယ်။ အဲဒါတွေ ဆက်လက် ဖမ်းဆီးပြီး အရေးယူစေချင်တယ်။ ဒါမှသာ သူခိုးတွေလည်း လျော့နည်းလာမယ်”

ဒါ့အပြင် ၂၀၂၄ အတွင်း အမှုပေါင်း ၁,၂၄၂ မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး အဲဒီအမှုတွေထဲ နမ့်ဆန်ခရိုင်မှာ ၈၃၁ မှု၊ ရွှေလီခရိုင် ၂၂၆ မှု၊ မာန်အောင်ခရိုင် ၁၁၈ မှု၊ သံလွင်ခရိုင် ၅၃ မှုနဲ့ အခြားမြို့နယ်မှာ ၁၄ မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးအရေးယူနိုင်တဲ့ အမှုတွေထဲ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးယူမှု၊ အပြင်းထန် နာကျင်စေမှုနဲ့ တခြား​ြပစ်မှုတွေလည်း ပါဝင်ပါတယ်။

အဲဒီအမှုတွေထဲ PSLF/TNLA ရဲ့ တရားစီရင်ရေးဌာနက ၃၃ မှုကို ဆုံးဖြတ်ကာ အပြစ်ပေး အရေးယူခဲ့နိုင်ခဲ့ပြီး ရဲအရေးပိုင်မှုနဲ့ သာမန်အမှု ၈၁၈ မှုကို တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဆုံးဖြတ်ပေးခဲ့ကာ ရုံးအတွင်း သိမ်းထားတဲ့အမှု ၂၅၆ မှု ကျန်သေးတယ်လို့ ဆိုပါတယ်။

PSLF/TNLA ဟာ ရှမ်းမြောက် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို ထိန်းချုပ်ထားပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။