ဓာတ်ပုံ – ဒေသခံ(ပုံဟောင်း)

မြတ်နိုး၊ ဇွန်လ ၁၁ ရက်၊ ဖားကန့်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းနဲ့ မှော်စီစာကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဆက်စပ်အဖွဲ့ဝင်တွေက ပြည်သူတွေအပေါ် ဓားပြတိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေပြီး နေအိမ်အတွင်းအထိ ဝင်ရောက်ကာ သေနတ်ထောက် လုယက်တာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ ဇွန် ၁၁ ရက် မနက် ၅ နာရီခွဲဝန်းကျင်က လုံးခင်းကျေးရွာ ရပ်ကွက် (၅) ရှိ နေအိမ်တစ်အိမ်ကို လက်နက်ကိုင် အမျိုးသားနှစ်ဦးက ခြံအတွင်း ခုန်ဝင်ကာ သေနတ်ထောက် ဓားပြတိုက်ခဲ့ပြီး ငွေကျပ် သိန်း ၃၀ ကျော် ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

“ပြည်သူ့စစ်က လူတွေ လုပ်စားနေတာ ကြာပြီ။ လူမဆန်တဲ့ လုပ်ရပ်တွေပဲ။ အခုဆို အိမ်ထဲအထိ ဝင်ပြီး သေနတ်ထောက် ဓားပြတိုက်နေတဲ့ အခြေအနေ ဖြစ်နေပြီ” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အဆိုပါ ဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး နယ်မြေတာဝန်ယူထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကာယကံရှင်တွေနဲ့ တွေ့ဆုံစစ်ဆေးခဲ့ရာ ကျူးလွန်သူတွေဟာ ဝါရာဇွပ် မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ ဆက်စပ်သူတွေ ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်း သိရပါတယ်။

“ဝါရာဇွပ် မင်းဇေသန့် ပြည်သူ့စစ်ကလို့ သိရတယ်ဗျ။ အတည်ပြုတယ်။ အဲဒီနှစ်ယောက် ဓားပြတိုက်တာဆိုတာကို နယ်မြေတာဝန်ကျ ရဲဘော်တွေက အိမ်ရှင်နဲ့ သွားတွေ့ပြီး စစ်ဆေးအတည်ပြုထားတယ်။ အခုလည်း လိုက်ရှာနေတယ်။ ဒါပေမဲ့ မှော်စီစာဘက်မှာ စစ်ကောင်စီက ကင်းတွေချထားတာနဲ့ စစ်ရေးအခြေအနေကြောင့် အခက်အခဲရှိတယ်” လို့ တော်လှန်ရေးအင်အားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်ကလည်း လုံးခင်းကျေးရွာ ရပ်ကွက် (၃) မှာ နေထိုင်တဲ့ ဝက်ခြံလုပ်ငန်းရှင်တစ်ဦးရဲ့ နေအိမ် ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၁၂၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ စစ်ကောင်စီတပ်နဲ့ ဆက်စပ်အဖွဲ့တွေဟာ လုံးခင်းနဲ့ မှော်စီစာကျေးရွာတွေမှာ အခြေချ နေရာယူလာခဲ့တဲ့ နှစ်လကျော်ကာလအတွင်း လမ်းသွားပြည်သူတွေရဲ့ ဆိုင်ကယ်၊ ဖုန်း၊ ငွေကြေးနဲ့ ကျောက်မျက်ရတနာတွေကို လုယူတာ၊ နေအိမ်တွေထဲ ဝင်ရောက် ဓားပြတိုက်တာတွေ မကြာခဏ ဖြစ်ပွားနေပြီး မေလတစ်လအတွင်းမှာပဲ ဓားပြမှု (၁၀) မှုထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။