ရွှေဖီမြေ၊ ဇွန်လ ၅ ရက်၊ နမ့်ခမ်း

ဘေးသင့်တဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာက ဒေသခံတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် လားရှိုးမြို့ရှိ “ဝ”ဆက်ဆံရေးရုံးနဲ့ ရှမ်းတပ် SSPP က သိန်း (၁၀၀) စီ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

မနေ့ ဇွန်လ ၄ ရက်မှာ ပြန်လည်ထူထောင်နိုင်ရေးအတွက် အလှူငွေ သိန်း (၁၀၀) စီ လာရောက်လှူဒါန်းပေးခဲ့တာဖြစ်ပြီး အဲဒီအပြင် SSPP တပ်က ဆန် (၂၀) အိတ်လည်း ထပ်မံလှူဒါန်းပေးခဲ့ပါတယ်။

ကောင်းတပ်ပေါက်ကွဲမှုအတွက် နမ့်ခမ်းလူငယ်အဖွဲ့၊ ခိုလုံလီရှော တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့နဲ့ တခြားဒေသအသီးသီးကလည်း လာရောက်လှူဒါန်း ပေးခဲ့ကြပါတယ်။

မနေ့ ဇွန်လ ၄ ရက်အထိ ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီက အလှူငွေ ကျပ်သိန်းတစ်ထောင်ကျော် (၁၆၆,၄၄၀,၇၀၀) အပြင် တရုတ်ယွမ် ၈ ထောင်ဝန်းကျင် (၇,၉၈၅) လက်ခံရရှိထားပါတယ်။

ဒါ့အပြင် နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်နဲ့ လားရှိုး စတဲ့မြို့နယ်အသီးသီးတွေမှာလည်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်နိုင်ရေးအတွက် အလှူငွေ အသီးသီးကောက်ခံပေးနေကြတာ တွေ့ရပါတယ်။

အခြေခံ အစားအစာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေအပြင် အရေးပေါ်သုံးစွဲဖို့အတွက် ဆေးဝါးတွေလည်း အကူအညီ လိုအပ်နေသေးကြောင်း သိရပါတယ်။

မေလ ၃၁ ရက်မှာ ဖြစ်ပွားခဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ အသက်ဆုံးရှုံးရသူ ၆၀ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၀၀ ကျော် ရှိခဲ့ပါတယ်။

ဒါ့အပြင် ကောင်းတပ်ရွာက နေအိမ် ၃၀၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး အဲဒီထဲမှာ နေအိမ် ၄၀ ကျော်က မီးလောင်ပြာကျခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။