By မိုင်းအနိုင်၊ ရွှေဖီမြေ

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို ပြန်လည်ပတ်ဖို့ ပြီးခဲ့တဲ့ လပိုင်းကတည်းက TNLA က ကြိုးပမ်းနေပြီး လူထုတွေကို ဆေးကုသဖို့ ဝန်ဆောင်မှုလည်း စတင်လုပ်ဆောင်လာခဲ့ပါတယ်။

ကျောက်မဲ ပြည်သူ့ဆေးရုံ ဖွင့်လှစ်ပြီဆိုတဲ့ သတင်းကြောင့် မြို့ပေါ်ဒေသခံသာမက တောင်ပေါ်ကျေးရွာမှ ဒေသခံအများစုက လာရောက် ဆေးကုသပြီး ဆေးဝါး လိုအပ်ချက်ကိုလည်း ဖြည့်တင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ် ထမင်းစားပြီးချိန် ၁ နာရီခွဲမှာတော့ တာဝန်ထမ်းဆောင်နေကြတဲ့ CDM ဆရာဆရာမ၊ ကျန်းမာရေးဝန်ထမ်း၊ ဆေးကုသမှု ခံယူနေကြတဲ့ လူနာအများစု ရှိနေကြချိန် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ဆေးရုံပေါ် လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချခဲ့ပါတယ်။

အဲဒီအချိန် ဆေးရုံဝန်ထမ်းတွေ အစည်းအဝေး ပြုလုပ်နေကြချိန်ဖြစ်ပြီး လူနာနဲ့ လူနာစောင့်လည်း ထမင်းစားပြီး အနားယူနေကြချိန် ဖြစ်ပါတယ်။

ဆေး လာရောက် ကုသသူတွေထဲ သက်ကြီးရွယ်အိုနဲ့ ကလေးငယ် ပါဝင်သလို မွေးဖွားလူနာတွေလည်း ပါဝင်ပါတယ်။

ပထမ ဗုံး ၁ လုံး ကြဲချချိန် လူအုပ်လိုက်ရှိတဲ့နေရာကို တိုက်ရိုက် မထိခဲ့တာကြောင့် အများစုက ဝရုန်းသုန်းကား ပြေးချိန် ရလိုက်ပြီး ဒုတိယတစ်လုံး ကြဲချချိန်မှာတော့ လူအုပ်လိုက်ရှိတဲ့နေရာနဲ့ ဆေးကုသဆောင်အားလုံးနီးပါးကို ထိမှန်ခဲ့ပါတယ်။

အဲဒီလူအုပ်ထဲက CDM ဆရာမတစ်ဦး၊စာရေးတစ်ဦးနဲ့ လာရောက် ဆေးကုသနေတဲ့ အမျိုးသားတစ်ဦးဟာ ပြေးနိုင်ခြင်း မရှိခဲ့ဘဲ ဗုံးစ တိုက်ရိုက် ထိမှန်လို့ သေဆုံးခဲ့ပြီး အများစုကတော့ ဒဏ်ရာ ရခဲ့ကြပါတယ်။

သေဆုံးသူဟာ CDM ဆရာမဖြစ်တဲ့ ဒေါ်ထားထားရီ၊ စာရေးဖြစ်သူ ဒေါ်ခင်မြင့်ရီနဲ့ ဆေး လာရောက်ကုသနေတဲ့ စိုင်းစံဖေတို့ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲက CDM ဆရာမဖြစ်သူ ဒေါ်ထားထားရီဟာ စစ်တပ် အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားသူတစ်ဦးဖြစ်ပြီး ကျောက်မဲဆေးရုံ စတင်လည်ပတ်စဉ်ကတည်းက ဆေးရုံမှာ တက်တက်ကြွကြွပါဝင်လုပ်ဆောင်နေတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။

“သူ့ရဲ့ အလုပ်ချိန်က မနက်ပိုင်းဘဲ။ နေ့လယ်က အစည်းအဝေး ရှိတယ်ဆိုလို့ သူလည်း အဲအစည်းအဝေး တက်သွားတာ။ တက်သွားတာ မကြာဘူး။ အဲလိုဖြစ်သွားတာ” လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲ အခြား CDM ဝန်ထမ်းတချို့လည်း ပါဝင်ပြီး တချို့ကတော့ ဒဏ်ရာ ပြင်းထန်လို့ အရေးပေါ်ဆေးကုသမှု ခံယူနေရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဝန်ထမ်းနဲ့ ဆေးကုသနေကြတဲ့ အရပ်သား ၂၀ ထက်မနည်း ရှိခဲ့ပါတယ်။

တအာင်းတပ် ထိန်းချုပ်ထားတဲ့ မြို့တွေထဲက ဆေးရုံကို ဦးတည်ဗုံးကြဲခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အခုလို ဗုံးကြဲတာဟာ လူသားချင်း စာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ထုန်ပြန်ထားပါတယ်။

စစ်တပ်ဟာ ၂၀၂၁ ခုနှစ်ကစ အာဏာသိမ်းပြီးကတည်းက ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Convention)၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့လည်း NUG ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။