ဓာတ်ပုံ – Local

အိုက်ပွီး၊ ဇန်နဝါရီ ၂၈ ရက်၊ တမူး

စစ်ကိုင်းတိုင်း တမူးမြို့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးက လူမရှိတဲ့ စစ်ဘေးရှောင်နေအိမ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း ဖောက်တွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကို ပေါ်တင် ခိုးယူနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တမူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မယ်လို့ သတင်းထွက်ပေါ်လာတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်ကစပြီး ဒေသခံ ထက်ဝက်နီးပါးဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

မြို့သိမ်းတိုက်ပွဲ သတင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် နေအိမ်တွေကို စစ်တပ်နဲ့ ပျူစောထီးက ဒီရက်ပိုင်းအတွင်း တစ်အိမ်တက် တစ်အိမ်ဆင်း ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကို ပေါ်တင် ခိုးယူနေကြတယ်လို့ သိရပါတယ်။

“အဓိက လူမရှိတဲ့ နေအိမ်တွေကို ဖောက်ထွင်းတာပါ။ ညဘက်ချည်းမဟုတ်ဘဲ နေခင်းဘက်တောင် စစ်ဆေးတာတွေ လုပ်သလိုလုပ်ပြီး ပေါ်ပေါ်ထင်ထင် ခိုးတာလုပ်လာတယ်။ မြင်တဲ့သူတွေလည်း ဘာမှမပြောရဲဘူး။ အခုရက်ပိုင်းမှာ ပိုဆိုးလာတယ်” လို့ တမူးမြို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက်ကလည်း တမူးမြို့ မြို့မ(၁၃) နန်းဖာလုန်ရပ်ကွက်က ချမ်းငြိမ်းသာဆိုင်ခန်းကို ပျူစောထီးက ဖောက်ထွင်းပြီး ပစ္စည်းခိုးယူသွားတယ်လို့ သိရပါတယ်။

“စကစတွေထက် ပျူစောထီးတွေ ပိုဆိုးတယ်။ ပြီးတော့ ပျူစောထီးအပေါင်းအပါတွေ၊ ရပ်ကွက်ထဲက ဆေးသမားတွေနဲ့ပေါင်းပြီး ခိုးနေကြတာပါ။ လူတွေက မြင်ရလည်း မပြောရဲဘူး။ မတားရဲဘူး။ သူတို့တွေဆီမှာ သေနတ်တွေ ရှိတယ်” လို့ တမူးမြို့ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

တမူးမြို့မှာ စစ်တပ်နဲ့ ပျူစောထီးအပြင် ၎င်းတို့ရဲ့ လက်အောက်ခံဖြစ်တဲ့ ရှမ်းနီ၊ ကသည်း စတဲ့လက်နက်ကိုင်တပ်ဖွဲ့လည်း ရှိပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။