ဓာတ်ပုံ – စစ်ကောင်စီ

ပပ၊ ‌ဇွန်လ ၃ ရက်၊ တာချီလိတ်

‎ရှမ်းအရှေ့ တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာမှာ အခြေစိုက်တဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၃၁ ဦးနဲ့အတူ ဆက်စပ်ပစ္စည်းတွေကိုပါ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းရှေ့က တာချီလိတ်မြို့အပါအဝင် မြို့နယ်အတော်များများမှာ ၎င်းတို့နဲ့ ဆက်စပ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆက်ရှိနေပြီး အခုလို ဖမ်းဆီးတာတွေလည်း ဟန်ပြဖမ်းဆီးခြင်းသာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တာချီလိတ်မြို့ရှိ အမျိုးသားတစ်ဦးက “ဒီမှာက အဲလိုအလုပ်တွေ လုပ်ကြတာများတယ်။ ကလေး၊ လူကြီး အကုန်လုံးပေါ့။ ပိုက်ဆံလည်း အများကြီးရကြလို့လေ။ စကစကလည်း ဗန်းပြဖမ်းတာပါ။ တချို့နေရာတွေဆို သူတို့ကိုယ်တိုင်က လုံခြုံရေးလုပ်ပေးနေတာဘဲ” လို့ ပြောပါတယ်။

‎မနေ့ ဇွန်လ ၂ ရက်မှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ အဲဒီ ကျားဖြန်ရုံအတွင်း အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၃၁ ဦးအပြင် ကွန်ပျူတာ အလုံး ၆၀၊ မော်နီတာ ၅၈ လုံး၊ ဖုန်း ၆၀ လုံးအပါအဝင် တခြားလုပ်ငန်းသုံးပစ္စည်း တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

‎စစ်ဆေးချက်အရ ဖမ်းဆီးခံရသူ ၃၁ ဦးဟာ ‌အွန်လိုင်းဂိမ်းလုပ်ငန်းကို လုပ်ဆောင်ရမယ်ထင်ပြီး အလုပ်လာလျှောက်ကြရာမှာ ငွေလိမ်လုပ်ငန်းမှန်း သိရကြောင်းနဲ့ ဖမ်းဆီးရမိသူ ၃၁ ဦးကို ဥပဒေအရ အရေးယူပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ ခေါင်းဆောင်နဲ့ တချို့သူကို ဆက်လက်ရှာဖွေနေဆဲလို့ စစ်ကောင်စီတပ်က ဆိုပါတယ်။

‎မြန်မာနိုင်ငံမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို သက်ဆိုင်ရာက ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်အထိ ရှမ်းပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ အွန်လိုင်းငွေလိမ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်တဲ့ နိုင်ငံခြားသား ၅၆,၉၁၈ ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ရာ သူတို့တွေကို သက်ဆိုင်ရာနိုင်ငံတွေထံ ပြန်ပို့နိုင်ခဲ့ကြောင်း စစ်ကောင်စီက ဆိုပါတယ်။

အခုလို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ လုပ်ဆောင်နေပေမယ့် နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်တို့လို နေရာမျိုးမှာ လိုင်းကြေးပေးပြီး ဖွင့်လှစ်နေတဲ့ ကျားဖြန်ရုံတွေ အများအပြားရှိနေဆဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။