ဓာတ်ပုံ – ဆိုရှယ်မီဒီယာ

အလင်း၊ ဇွန် ၂ ရက်၊ တမူး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာဘေးပတ်ပတ်လည်မှာ ထောင်ထားတဲ့ မိုင်းကို ဒေသခံတွေရဲ့ နွားက နင်းမိပြီး သေဆုံးသွားခဲ့ရာ နွားကို စစ်တပ်က မိုင်းဖိုးအဖြစ် သတ်မှတ်ပြီး အသားတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက် တနင်္ဂနွေနေ့တုန်းက တမူးမြို့နယ်၊ ကွန်းတောင်းကျေးရွာမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းကို ဒေသခံရွာသားတစ်ယောက်ရဲ့ နွားက နင်းမိခဲ့တာဖြစ်ပါတယ်။

မိုင်းပေါက်ကွဲလို့ နွားမှာ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရသွားခဲ့ပြီး မသေသေးခင်မှာပဲ စစ်သားတွေက သေနတ်တွေနဲ့ ထပ်မံပစ်သတ်ခဲ့ကြတယ်လို့ သိရပါတယ်။

“နွားက မိုင်းနင်းမိတော့ မသေသေးဘူး။ ဒါဏ်ရာက ပြင်းထန်တယ်။ အဲဒါကို စစ်သားတွေက ထပ်မံပစ်သတ်တာ။ အဲဒီမိုင်းဖိုးဆိုပြီး အသားကို ဖြတ်ယူထားကြတာ။ ပိုက်ဆံလည်း တောင်းဖို့ ဘာညာ လာပြောသေးတယ်” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တပ်က နွားတစ်ကောင်လုံးကို မိုင်းဖိုးအဖြစ် အသားဖြတ်ယူခဲ့ပြီး နွားပိုင်ရှင်ကိုတော့ အသားပိဿာချိန် ၂၀ ပဲ ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို ဖြစ်ပွားခဲ့တဲ့ ကွန်းတောင်းကျေးရွာဟာ တမူးမြို့အထက်ပိုင်း၊ တမူး-အောင်ဇေယျ လမ်းမပေါ်မှာ ရှိပြီး တမူးမြို့နဲ့ဆိုရင် ၇ မိုင်ခွဲလောက် ဝေးပါတယ်။

“နွားပိုင်ရှင်ကိုတော့ နောက်မှ အချိန် ၂၀ ပြန်ပေးပါတယ်။ ရွာဘေးပတ်လည်မှာ မိုင်းထောင်ထားကြတော့ ကျွဲ၊ နွား တွေက မကြာခဏနင်းမိလို့ သေကြတာ” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာ ကွန်းတောင်းရွာထဲမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး သူတို့လုံခြုံရေးအတွက် ရွာပတ်လည်မှာ မိုင်းတွေ ထောင်ထားတာကြောင့် ဒေသခံတွေရဲ့ ကျွဲ၊ နွားတွေ ခဏခဏ မိုင်းနင်းမိပြီး သေနေကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း အဲဒီကွန်းတောင်းရွာမှာပဲ ရွာခံတစ်ယောက်ရဲ့ နွားက စစ်တပ်ထောင်ထားတဲ့ မိုင်းနင်းမိလို့ ဒဏ်ရာရခဲ့တာ ရှိပါတယ်။

အဲဒီတုန်းကလည်း မိုင်းပျက်စီးသွားတဲ့အတွက် မိုင်းဖိုးဆိုပြီး စစ်တပ်က ငွေကျပ် ၅ သောင်းကို နွားပိုင်ရှင်ဆီကနေ အတင်းလျော်ခိုင်းခဲ့ဖူးတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။