လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၂၈ ရက်၊ မိုင်းကိုင်

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ပန်ကေတုအုပ်စု ကုန်းပေါင်းရွာက ၁၃ နှစ်အရွယ် မိုင်းအကျေဆိုတဲ့ ကလေးငယ်ကို ရှမ်းပြည်တိုးတက်‌ရေးပါတီ- SSPP က စစ်ဝတ်စုံ ဝတ်ခိုင်းပြီး လက်နက်ပါ ကိုင်ဆောင်ခိုင်းတယ်ဆိုတဲ့ ကလေးစစ်သားသတင်း‌ မီဒီယာပေါ် ပေါက်ကြားလာမှုကြောင့် နောက်ထပ် ကုန်းပေါင်းဒေသခံ ၄ ဦး စစ်မှု ထမ်းရမယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်မှာ SSPP က ဒေသခံတွေကို အစည်းအဝေး ခေါ်ယူပြီး ‌အခုလို ခြိမ်းခြောက်ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “ကျနော်တို့ ရွာကဆို သတင်းပေါက်ကြားမှု အကြောင်းပြချက်နဲ့ စစ်သား အတင်းအဓမ္မ ထည့်ခိုင်းတယ်။ ရွာသူကြီးတွေ ရွာကလူတွေရော ဖိအားအရမ်းပေးခံနေရတယ်။ သူတို့ဖမ်းတဲ့ကလေးကို မီဒီယာပေါ်တင်လို့ သူတို့က မကျေနပ်တာ။ သူတို့ပြောတာက စိတ်တိုရင် တစ်သက်လုံး စစ်သား လုပ်ခိုင်းမယ်တဲ့။ ဘာဖြစ်ဖြစ် လိုင်းပေါ် မရောက်စေနဲ့” လို့ ပြောပါတယ်။

SSPP တောင်းတဲ့ လူ ၄ ဦးကို ထည့်ဖို့အတွက် လူငှားဖို့ ရွာခံတွေက ငွေကြေးအခက်အခဲ ဖြစ်နေကြတယ်လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။

“အဲလေးယောက်က အခု မထည့်ရသေးဘူး။ လူငှားဖို့ ပိုက်ဆံ စုနေတာ။ အရင်က လူတစ်ယောက်ကို သိန်း ၅၀ ပေးရတယ်။ အခုက ၁ အိမ်ကို သုံးသိန်းခွဲ ကျတယ်။ ၄ ယောက်ဆိုတော့ ညှိနေတုန်းဘဲ။ ဘယ်လိုလာမလဲ မသိသေးဘူး။ အခု ရွာမှာ အရမ်းကို အကြပ်အတည်း ဖြစ်နေတာ။ အစိမ်း(SSPP)ကြတော့ သူတို့ မရမကကို ကြံနေတာ။ စည်းမျဥ်းစည်းကမ်းဆိုတာမျိုးလည်း သူတို့က မရှိဘူး။ စိတ်ကြိုက် လုပ်တာ”

မိုင်းအကျေနဲ့ မိုင်းအကျင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က ၎င်းတို့ နွားကျောင်းတဲ့ နေရာအနီး မိုင်းပေါက်ကွဲခဲ့တာကြောင့် SSPP က ၎င်းတို့နှစ်ဦးကို မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိသူအနေနဲ့ ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။

မိုင်းအကျင်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး မိုင်းအကျေကိုတော့ ၁ လကျော်အကြာမှာ မိဘဖြစ်သူက လူငှားပြီး အစားထိုး လဲပေးပြီးမှ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

မိုင်းကိုင်မြို့နယ်မှာ တပ်သားသစ် တစ်ရွာတစ်ဦးနှုန်းနဲ့ ကောက်ခံနေတဲ့ SSPP က တစ်အိမ်တစ်ယောက်နှုန်း ပြောင်းလဲကောက်ခံနေတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

ဒါ့အပြင် မိုင်းကိုင်မြို့နယ်ထဲ SSPP က မကြာခဏ တပ်သားသစ် စုဆောင်းနေတာကြောင့် လူထုတွေ အခက်အခဲ ကြုံနေရတယ်လို့ မိုင်းကိုင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ‌

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး SSPP ကို ရွှေဖီမြေက ဖုန်း ဆက်သွယ်မှုအပြင် စာပို့ကာ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။