လက်ဖက်မြေ၊ မေလ ၂၃ ရက်၊ နမ္မတူ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့နယ် ပန်လုံကျေးရွာမှာ ကလေးငယ်တွေ မီးခြစ် ဆော့ကစားရာကနေ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်ဟာ မနေ့ မေလ ၂၂ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ မိဘက ခြံသို့ သွားနေချိန် အိမ်မှာ ကျန်ခဲ့တဲ့ ကလေးငယ် ၂ ဦးက မီးခြစ် ဆော့ကစားရာကနေတဆင့် နေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားက “ကလေးတွေတော့ ဒဏ်ရာ ရရှိတာမျိုးတော့ မရှိပါဘူး ဘေးကင်းပါတယ်။ ဒီဘက်မှာကျ မိဘတွေက ကလေးတွေကို အိမ်မှာပဲ ထားခဲ့ပြီး သူတို့ကျ ခြံ သွားတာပေါ့” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် စုစုပေါင်း ကာလတန်ဖိုး သိန်း ၈၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာလည်း နမ့်ဆန်မြို့ပေါ် ဇယန်းကြီးဘုန်းကြီးကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့ဖူးပါတယ်။

နွေရာသီမှာ အပူချိန်မြင့်ပြီး မီးလောင်မှု ဖြစ်ပွားစေနိုင်တာကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ကျေးရွာပိုင်း ကွင်းဆင်းပြီး ဒေသခံလူထုတွေကို အသိပညာပေးတာနဲ့ သတိပေးတာတွေ လုပ်‌ဆောင်ပေးစေလိုကြောင်းလည်း ဒေသခံတွေက ပြောပါတယ်

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။