ရွှေဖီမြေ၊ ဇန်နဝါရီ ၂၇ ရက်

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး ကရင်နီပြည် ရှေ့တန်းစစ်ဆင်ရေးသို့ ပို့ဆောင်ခံရတဲ့ စစ်သား ၇ ဦးက ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ထံ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ မနေ့ ဇန်နဝါရီ ၂၆ ရက်မှာ KNDF က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်မှာ လွိုင်လင်လေးမြို့ပြင်က ထီးစဲခါးကင်းစခန်းတစ်ခုကနေ ထွက်ပြေးလာတဲ့ ခလရ ၂၄၇ မှ တပ်သား ၄ ဦးက MA-3 ၃ လက်၊ MA-1 ၁ လက်နဲ့အတူ KNDF တပ်ရင်းထံ လာရောက်ခိုလှုံခဲ့ပါတယ်။

အလားတူ ဇန်နဝါရီ ၁၉ ရက်မှာလည်း လွိုင်ကော်မြို့ပြင်က ကင်းစခန်းတစ်ခုကနေ လက်နက်မဲ့ ထွက်ပြေးလာတဲ့ ခမရ ၄၃၀ တပ်ရင်းမှ တပ်သား ၃ ဦးကလည်း KNDF ထံ လာရောက် ခိုလှုံခဲ့ပါတယ်။

KNDF ထံ ထွက်ပြေးခိုလှုံလာတဲ့ စစ်သားက စစ်မှုထမ်းဖို့ဆန္ဒ လုံးဝ မရှိကြဘဲ စစ်ကောင်စီက ပေါ်တာဆွဲတာကို ခံရသူနဲ့ အတင်းအဓမ္မ စုဆောင်းခံရသူ ဖြစ်ကြပြီး ရှေ့တန်း စစ်ဆင်ရေးအတွင်း ထွက်ပြေးခိုလှုံလာခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ တပ်သားအဖြစ် ကျန်ရှိနေတဲ့တပ်ဖွဲ့ဝင်‌ေတွအနေနဲ့ စစ်အာဏာရှင် လူတစ်စုရဲ့ အကျိုးစီးပွားအတွက် ရပ်တည်နေမယ့်အစား အခုလို အချိန်မီ လူထုထံ ခိုလှုံပြီး ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြဖို့လည်းတိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။