ခိုင်လေး၊ ဇန်နဝါရီ ၂၇ ရက်၊ မိုင်းမော

“ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA ထိန်းချုပ်နယ်မြေ မိုင်းမောမြို့နယ် ပန်ဝိုင်ကျေးရွာမှာ အသက် ၃၀ ဝန်းကျင်ရှိတဲ့ အမျိုးသားတစ်ဦးက ဆေးကြောင်ပြီး ဖခင်ဖြစ်သူကို ဓားနဲ့ ခုတ်သတ်ခဲ့ပါတယ်။

ဆေးကြောင်ပြီး ဖခင်ဖြစ်သူကို ဓားနဲ့ အပိုင်းပိုင်း ခုတ်သတ်ခဲ့တဲ့ ချိန်ညီရုန်းကို “ဝ”ပြည် တရားရေးဌာနက သေဒဏ် ချမှတ်ခဲ့ကြောင်း WSTV (Wa State TV)မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်က ထုတ်ပြန်လာပါတယ်။

ဖခင်ကို သေစေတဲ့အထိ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာကြောင့် သေဒဏ် ချမှတ်ခဲ့တာလို့ ဖြစ်စဥ်သိရှိသူ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သားဖြစ်သူက နွားတွေကို ဒီအတိုင်း လွှတ်ထားပြီး ခြံရှင်း‌ေနတာ။ သူ့အဖေကလည်း ဘာလို့ နွား‌ေတွကို လျှောက်လွှတ်ထားတာလဲ။ အဝေးကြီး ရောက်ကုန်မှာပေါ့။ သေချာလဲ မကြည့်ဘူး နေ့တိုင်း မူးရူးနေတယ်ပေါ့။ သားဖြစ်သူကလည်း ဆေးတွေ စားထားတာ ဆေးအရှိန်နဲ့ ကြောင်နေတဲ့အချိန် သူ့အဖေရဲ့ခေါင်းကို ဓားနဲ့ ၄ ချက်လောက် ခုတ်ပစ်လိုက်တာပဲ။ သူလည်း သတိပြန်လည်လာတော့ သူ့အဖေလည်း ဆုံးနေပြီ”

ကျူးလွန်သူ ချိန်ညီရုန်းဟာ သတိပြန်ဝင်လာတာနဲ့ မိခင်ဖြစ်သူကို လူသတ်မိကြောင်း အသိပေးခဲ့ကာ သက်ဆိုင်ရာ ရပ်ကွက်လူကြီးကတဆင့် မြို့နယ် ရဲဌာနကို အကြောင်းကြားကာ ဖမ်းဆီးစေခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်ကလည်း ကုန်စုံဆိုင် တစ်ခုမှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကာ ၈ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ၂ လအကြာမှာ ဖမ်းဆီးရမိပြီးနောက် “ဝ”ပြည် ပြည်သူ့အစိုးရက တရားစီရင်ရေးဌာနက သေဒဏ် ချမှတ်ခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။