ဝတ်မှုံ၊ မေလ ၁၆ ရက်၊ ကွတ်ခိုင်

ကိုးကန့်တပ်- MNDAA ပြန်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်က ကျေးရွာတွေမှာ စာသင်ကျောင်း ဖွင့်ချင်ရင် ကိုးကန့်တပ်ထံ စာတင်ရမှာဖြစ်ပြီး ကျောင်းသူကျောင်းသားဦးရေ ၅၀ အထက်ရှိမှ ကိုးကန့်တပ်ဘက်က ကျောင်းဖွင့်ပေးမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ ကျောင်းဖွင့်ချင်ရင် ရွာမှာ ရှိထားတဲ့ ကျောင်းဆရာဆရာမဦးရေနဲ့ ကျောင်းသူ ကျောင်းသားဦးရေစာရင်းကို MNDAA ထံ တင်ပြတောင်းဆိုရမှာဖြစ်တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဆရာဆရာမ ရှိထားရင်လည်း ဘယ်နှစ်ယောက်လဲပေါ့။ လုံလောက်လား မလုံလောက်လား သိရအောင်လို့တဲ့။ ကျောင်းသားဦးရေ ၅၀ အထက် မရှိရင်တော့ ဖွင့်မပေးဘူးတဲ့။ ကျောင်းသားဦးရေ ၅၀ မပြည့်ရင်တော့ စာတင်လည်း သူတို့မပေးဘူး”

ကိုးကန့်တပ်ဘက်က သတ်မှတ်ထားတဲ့ ကျောင်းသားဦးရေ မပြည့်တဲ့ ကျေးရွာတွေအနေနဲ့ ရွာခံတွေဘက်က ကိုယ်ထူကိုယ်ထ ဆရာဆရာမ ငှားပြီး ကျောင်းဖွင့်နိုင်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ဒီမှာက သူတို့ သတ်မှတ်ထားတဲ့ ကျောင်းသူကျောင်းသားဦးရေ မပြည့်တော့ ကိုယ်ထူကိုယ်ထပဲ ဖွင့်ရမှာ။ ကျောင်းကတော့ ဖွင့်ခိုင်းပါတယ်။ ဆရာဆရာမတော့ မပေးဘူးပေါ့။ TLEC ရှိတုန်းကတော့ သူတို့အကုန်ဖွင့်ပေးတယ်။ ဒီမှာလည်း သူတို့ပဲ ဖွင့်ပေးထားတာလေ”

ကွတ်ခိုင်မြို့နယ်ထဲ ကျောင်းသားဦးရေ ၅၀ မပြည့်တဲ့ ကျေးရွာအများစု ရှိနေပြီး တအာင်းတပ် ထိန်းချုပ်စဉ်က အဲဒီကျေးရွာတွေမှာ တအာင်းပြည်ပညာရေးကောင်စီ- TLEC က ကျောင်း ဖွင့်လှစ်ခဲ့ပေမဲ့ အခုတော့ ပိတ်ခံရတော့မယ့်အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

အခုလို ကျောင်းပြန်ဖွင့်ဖို့ မသေချာ မရေရာမှုတွေကြောင့် ကျောင်းသားမိဘတချို့က ၎င်းတို့ရဲ့ ကလေးတွေ ကျောင်းဆက်တက်နိုင်ဖို့ ရန်ကုန်နဲ့ မန္တလေးက ပရဟိတကျောင်းတွေမှာ သွားပို့တာတွေ ရှိလာတယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။