ရွှေဖီမြေ၊ မေလ ၁၆ ရက်

အမျိုးသားအများစု အသုံးပြုနေကြတဲ့ တောင်ကြာပန်းအပါအဝင် အမျိုးသားအားတိုးဆေး ၆ မျိုးဟာ အနောက်တိုင်းဆေးတွေနဲ့ ရောနှောထားပြီး စံချိန်မညီတဲ့ တိုင်းရင်းဆေးဝါး ဖြစ်တာကြောင့် သုံးစွဲဖို့ မသင့်လျော်ကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

အဲဒီ အမျိုးသား အားတိုးဆေး ၆ မျိုးဟာ တောင်ကြာပန်း၊ ဆင်ပြောင်ကြီး၊ နတ်စည်းစိမ်၊ ဘီလူးငါးကောင် အမျိုးသားအားတိုးဆေးပြား၊ ဇော်ဂျီလက်စွဲ အကြောအားတိုးဆေးနဲ့ Double X အမျိုးသားအားတိုးဆေးတောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဆေးတွေဟာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နဲ့ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားပေမဲ့ ဈေးကွက်မှာ တိုင်းရင်းဆေးဝါး မှတ်ပုံတင်ခဲ့စဉ်က ဖော်ပြထားတဲ့ ဆေးဖော်စပ်နည်းနဲ့အညီ မဟုတ်ဘဲ ဖော်စပ်ထားတဲ့ တိုင်းရင်းဆေးဝါးဖြစ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးတွေ ရောနှောပါဝင်ခြင်း၊ သတ်မှတ်ချက် ၁ဝ ချက် ပြည့်စုံမှန်ကန်မှု မရှိခြင်းနဲ့ ဆေးတွေထဲက အချို့ဆေးဟာ မှတ်ပုံတင်ထားခြင်း မရှိသလို အနောက်တိုင်းဆေးနဲ့ ရောနှောထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဲဒီဆေးတွေဟာ စစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သလို အများပြည်သူ သုံးစွဲဖို့ မသင့်ကြောင်းနဲ့ ဈေးကွက်မှာ တင်သွင်းဖြန့်ဖြူးရောင်းချတာတွေကို လုံးဝ မလုပ်ဖို့၊ လိုက်နာဆောင်ရွက်ခြင်း မရှိရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။