ဓာတ်ပုံ- နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း

ဆုမွန်၊ မေလ ၁၄ ရက်၊ ကျိုင်းတုံ

ရှမ်းအရှေ့ ကျိုင်းတုံမြို့မှာ အမျိုးသား ၄ ဦးက ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးနဲ့သူ့အမေကို ဓားပြတိုက်ပြီး သေနတ်နဲ့ ပစ်သတ်သွားခဲ့တယ်လို့ နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မေလ ၁၃ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကျိုင်းတုံမြို့ နောင်ခိုက်ရပ်ကွက်မှာ နေထိုင်တဲ့ ရွှေပိုင်ရှင်အမျိုးသားတစ်ဦးနဲ့ ၎င်းရဲ့ အမေဖြစ်သူဟာ ဈေးကနေ ပြန်လာတဲ့အချိန် အမျိုးသား ၄ ဦးက ၎င်းတို့ကို ဓားပြတိုက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာပဲ ဖြစ်ပါတယ်။

နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းက “သူတို့ဈေးကနေ ပြန်လာတဲ့အချိန်မှာ သူတို့အိမ်အရှေ့မှာ ဖြစ်သွားတာ။ သူ့သားက ဝင်းတံခါးဖွင့်ဖို့ လုပ်နေချိန်မှာပဲ အဲဒီလူက သူ့ကို သေနတ်နဲ့ ပစ်သတ်ပြီး သူ့အမေကိုတော့ ကားပေါ်ကနေ တွန်းချလိုက်တယ်။ သူတို့ ရွှေ ၃ ပိဿာနဲ့ ငွေကျပ် သိန်း ၃ သောင်းကျော် ယူသွားပြီး ကားမောင်းပြေးသွားကြတယ်။ သူ့အမေက မနေ့ ဒဏ်ရာ ရပြီးတော့ ဒီနေ့မှာပဲ ဆုံးသွားတယ်” လို့ ‌ပြောပါတယ်။

ဓားပြ တိုက်ခံရပြီး သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၆၀ နှစ်အရွယ်ရှိပြီး ၎င်းရဲ့အလောင်းကို နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းက သွားရောက် သယ်ဆောင်ပြီးတော့ ရင်ခွဲရုံသို့‌ ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

ဓားပြတိုက်သွားတဲ့ အမျိုးသား ၄ ဦးကိုတော့ သက်ဆိုင်ရာဘက်က လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။