ရွှေဖီမြေ၊ ဇန်နဝါရီ ၂၇ ရက်

စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းက အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့ပြီး ၄၁၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ- BWU က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

၎င်းအမျိုးသမီးတွေဟာ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုကိုလည်း နည်းမျိုးစုံ ခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။

လေကြောင်း ဗုံးကြဲမှုကြောင့် ၂၅၇ ဦး သေဆုံးကာ ၁၉၁ ဦး ဒဏ်ရာရတာအပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၄၃ ဦး‌ သေဆုံးခဲ့ပြီး ၁၅၂ ဦး ဒဏ်ရာရကာ မတရား သတ်ဖြတ်မှုကြောင့် ၆၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရတာ၊ မြေမြှုပ်မိုင်းကြောင့် ၇ ဦး သေဆုံးတာနဲ့ ၄၂ ဦး ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၆ ဦး‌ ေသဆံုးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရကာ အကျဉ်းထောင်မှာ နှိပ်စက်မှုကြောင့် ၅ ဦး ဒဏ်ရာရတာအပြင် MNDAA ရဲ့ သေဒဏ် ပေးမှုကြောင့် ၁ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

၎င်းအမျိုးသမီးတွေဟာ စစ်ကိုင်းတိုင်း‌က ၁၀၉ ဦး၊ ရှမ်းပြည်နယ်မှ ၉၂ ဦး၊ ရခိုင်ပြည်နယ်မှ ၈၃ ဦး၊ မန္တလေးတိုင်းမှ ၆၇ ဦး ဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ တိကျခိုင်လုံတဲ့ သတင်းမီဒီယာ အချက်အလက်နဲ့ မြေပြင်ကနေရတဲ့ အချက်အလက်‌ေတွကို စုဆောင်းမှတ်တမ်းတင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်တွေ့မြေပြင် အခြေအနေကြောင့် သတင်းအချက်အလက်တွေကို လက်လှမ်းမှီဖို့ အခက်အခဲ ရှိနေပြီး မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။