ရွှေဖီမြေ၊ ဇန်နဝါရီ ၂၇ ရက်

အာဏာသိမ်းထားတဲ့ ၄ နှစ်နီးပါးအတွင်း မြန်မာနိုင်ငံမှ သတင်းသမား ၁၁ ဦး ထောင်ဒဏ် တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့အပြင် သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံရပြီး ၄၃ ဦးက အကျဉ်းကျခံထားရဆဲ ဖြစ်တယ်လို့ ဇန်နဝါရီ ၂၅ ရက်မှာ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ- IPCM က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ သတင်းသမား ၇ ဦး ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေဟာ နိုင်ငံတစ်ဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အနည်းဆုံး ၃၀ ဦးကျော်နဲ့ အများဆုံး ၆၀ ဦးဝန်းကျင်အထိ ထိန်းသိမ်းခံခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ်တစ်သက်နဲ့ အနိမ့်ဆုံးပြစ်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အတွင်း ပြစ်ဒဏ် ကျခံနေကြရပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမားတွေကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)၊ (ခ)၊ ပုဒ်မ ၁၂၄(က)၊ မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းဝတ္ထုများ ပုဒ်မ ၅၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စံမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတို့နဲ့ အရေးယူခဲ့တယ်လို့ ရေးသားထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်ဟာ သတင်းမီဒီယာလုပ်ငန်း ၁၅ ခုရဲ့ လိုင်စင်ကို ရုတ်သိမ်းခဲ့ပြီး သတင်းမီဒီယာနဲ့ ဆက်စပ်တဲ့ မီဒီယာဆိုင်ရာ ဥပဒေတွေကို တစ်ဖက်သတ် ပြုပြင်ပြဌာန်းခဲ့ပြီးတော့ သတင်းလွတ်လပ်ခွင့် အခြေခံ ပေးထားချက်အရ ရပ်တည်နိုင်တာ မရှိ‌ေတာ့ဘဲ ကမ္ဘာ့အဆိုးဆုံး သတင်းလွတ်လပ်ခွင့် ထိပါးဖိနှိပ်ခံရတဲ့ ထိပ်တန်းနိုင်ငံထဲမှာ ပါနေပြီး အန္တရာယ် ကျ​ေရာက်‌ေနတယ်လို့လည်း ပြောဆိုထားပါတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ သတင်းမီဒီယာနယ်ပယ်မှာသာမက အနာဂတ် ဖက်ဒရယ် ဒီမိုကရေအတွက်ပါ အသက်လောက် အရေးပါတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် သတင်းမီဒီယာ လွတ်လပ်ခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်အတွက် အဖွဲ့အစည်းတိုင်းက အလေးထား လုပ်ဆောင်ပေးကြဖို့နဲ့ သတင်းသမားတွေ ဖမ်းဆီးထောင်ချခံရတာ၊ သတ်ဖြတ်ခံရတာတွေကို ဆန့်ကျင်ရှုတ်ချပြီး ကျးလွန်မှုအတွက် တာဝန်ခံမှုရှိစေဖို့ IPCM အနေနဲ့ အလေးအနက် တောင်းဆိုကြောင်းကိုလည်း ထည့်သွင်းရေးသားထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။