ရွှေဖီမြေ၊ ဇန်နဝါရီ ၂၇ ရက်

အာဏာသိမ်းထားတဲ့ ၄ နှစ်နီးပါးအတွင်း မြန်မာနိုင်ငံမှ သတင်းသမား ၁၁ ဦး ထောင်ဒဏ် တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့အပြင် သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံရပြီး ၄၃ ဦးက အကျဉ်းကျခံထားရဆဲ ဖြစ်တယ်လို့ ဇန်နဝါရီ ၂၅ ရက်မှာ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ- IPCM က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ သတင်းသမား ၇ ဦး ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေဟာ နိုင်ငံတစ်ဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အနည်းဆုံး ၃၀ ဦးကျော်နဲ့ အများဆုံး ၆၀ ဦးဝန်းကျင်အထိ ထိန်းသိမ်းခံခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ်တစ်သက်နဲ့ အနိမ့်ဆုံးပြစ်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အတွင်း ပြစ်ဒဏ် ကျခံနေကြရပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမားတွေကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)၊ (ခ)၊ ပုဒ်မ ၁၂၄(က)၊ မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းဝတ္ထုများ ပုဒ်မ ၅၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စံမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတို့နဲ့ အရေးယူခဲ့တယ်လို့ ရေးသားထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်ဟာ သတင်းမီဒီယာလုပ်ငန်း ၁၅ ခုရဲ့ လိုင်စင်ကို ရုတ်သိမ်းခဲ့ပြီး သတင်းမီဒီယာနဲ့ ဆက်စပ်တဲ့ မီဒီယာဆိုင်ရာ ဥပဒေတွေကို တစ်ဖက်သတ် ပြုပြင်ပြဌာန်းခဲ့ပြီးတော့ သတင်းလွတ်လပ်ခွင့် အခြေခံ ပေးထားချက်အရ ရပ်တည်နိုင်တာ မရှိ‌ေတာ့ဘဲ ကမ္ဘာ့အဆိုးဆုံး သတင်းလွတ်လပ်ခွင့် ထိပါးဖိနှိပ်ခံရတဲ့ ထိပ်တန်းနိုင်ငံထဲမှာ ပါနေပြီး အန္တရာယ် ကျ​ေရာက်‌ေနတယ်လို့လည်း ပြောဆိုထားပါတယ်။

သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ သတင်းမီဒီယာနယ်ပယ်မှာသာမက အနာဂတ် ဖက်ဒရယ် ဒီမိုကရေအတွက်ပါ အသက်လောက် အရေးပါတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် သတင်းမီဒီယာ လွတ်လပ်ခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်အတွက် အဖွဲ့အစည်းတိုင်းက အလေးထား လုပ်ဆောင်ပေးကြဖို့နဲ့ သတင်းသမားတွေ ဖမ်းဆီးထောင်ချခံရတာ၊ သတ်ဖြတ်ခံရတာတွေကို ဆန့်ကျင်ရှုတ်ချပြီး ကျးလွန်မှုအတွက် တာဝန်ခံမှုရှိစေဖို့ IPCM အနေနဲ့ အလေးအနက် တောင်းဆိုကြောင်းကိုလည်း ထည့်သွင်းရေးသားထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။