ဓာတ်ပုံ – Local

အလင်း၊ မေလ ၈ ရက်၊ တီးတိန်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဖူနွမ်းကျေးရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်(ဇိုလဲန်း) ရဲဘော် ၇ ဦးနဲ့ အရပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲမရှိဘဲ အိန္ဒိယ-မြန်မာနယ်စပ်ရှိ ဖူနွမ်းရွာကို မေလ ၆ ရက်နေ့ ညနေပိုင်းမှာ ဒရုန်းနဲ့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲနေ့ ညနေ ၄ နာရီခန့်မှာ စတင်ပြီး ဖူးနွမ်းရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီး သုံးလုံး ကြဲချခဲ့တာဖြစ်ပြီး ဗုံးတစ်လုံးမှာ ပေါက်ကွဲခဲ့ပေမယ့် နှစ်လုံးဟာ မပေါက်ခဲ့ဘူးလို့ သိရပါတယ်။

အလားတူ ည ၆ နာရီခန့်မှာ စစ်ကောင်စီက ဒုတိယအကြိမ် ဖူနွမ်းရွာ AG ဘုရားကျောင်းကို ဒရုန်းနဲ့ လေကြောင်း ထပ်မံ ဗုံးကြဲခဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ဒုတိယအကြိမ် တိုက်ခိုက်မှုမှာ ထိခိုက်မှုရှိတာပါ။ ဘုရားကျောင်းကလည်း လုံးဝ ပျက်စီးသွားတယ်။ အနီးအနားမှာ နေထိုင်တဲ့ အရပ်သား ၃ ဦးရယ်၊ ရဲဘော် ၇ ဦး ဗုံးထိမှန် သေဆုံးသွားတာပါ” လို့ တီးတိန်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကျဆုံးသွားတဲ့ PDF (ဇိုလဲန်း) ရဲဘော် ၇ ဦးထဲမှာ အမျိုးသမီး ရဲဘော် ၇ ဦးပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖူနွမ်းရွာထဲက သက်ကြီးပိုင်း အရပ်သား အမျိုးသားတစ်ဦးကလည်း ဒရုန်း ဗုံးသီးစထိမှန်ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။